"မေမေ... နာနာလာတယ်"
အိမ်ထဲမဝင်ခင် ဖိနပ်ချွတ်ရုံပဲရှိသေး၊ အော်ပြောလိုက်တဲ့ အသံကျယ်လေးကြောင့် တစ်အိမ်သားလုံး ဟိုအခန်း ဒီအခန်းကနေ ထွက်လာကြတယ်။
"သည်းသည်းရေ.. ချော်လဲမယ်လေကွာ"
ဂျဲနိုက ဖိနပ်တွေကို ထိုင်မချွတ်ဘဲ မတ်တပ်ရပ်ရင်း ခုန်ဆွခုန်ဆွနဲ့ ချွတ်နေတဲ့ ဂျယ်မင်းကို တိုးတိုးလေးဆူလိုက်ပြီး သူကပဲ ထိုင်ချွတ်ပေးလိုက်ရတော့တယ်။
"ဟီး... သိုင်းခယူ ကိုကို"
အဲ့လိုပြောပြီး သူ့ခေါင်းကို ရှုပ်ပွအောင် ထိုးဖွနေတဲ့ ဂျယ်မင်းကြောင့် ဂျဲနိုက စိတ်မဆိုးပေမဲ့ မျက်ခုံးတွေကို တမင်ကျုံ့ပြလိုက်တယ်။ ဒါပေမဲ့ သူ စိတ်မဆိုးမှန်းသိတဲ့ ဂျယ်မင်းက ဟီးခနဲရယ်ပြရင်း အိမ်ထဲကို ပြေးဝင်၊ နောက်ပြီး မေမေ့ရင်ခွင်ထဲ တိုးပြီး အချွဲတုံးကလေး လုပ်နေတော့တာ။
"မမရော"
"မမ ဆိုင်ဖွင့်တယ်လေ"
"ဟွန် .. ဒါဆို ဖေဖေရော ဆိုင်မှာပဲပေါ့"
"အင်း.. အပြန်မှ အဲ့ဘက်ကနေ ကိုကို လိုက်ပို့ပေးမယ်"
"ဟုတ်၊ နာနာ ဘွားဘွားတို့ကို သွားပြီး နှုတ်ဆက်လိုက်ဦးမယ်နော်"
မေမေက ခေါင်းငြိမ့်ပြတော့ ဂျယ်မင်းက ဘိုးဘိုးတို့အခန်းဘက်ကို ပြေးသွားတော့တယ်။ တစ်အိမ်လုံးက ချစ်တာလည်းမပြောနဲ့။ ဒီလောက် စကားတတ်၊ ပတ်ချွဲတတ်တဲ့ကလေးကို ဘယ်သူက မချစ်ဘဲနေနိုင်မှာတဲ့လဲ။
"ကလေးတို့အိမ်ကို ပြောပြီးပြီလား"
"...ဟင့်အင်း၊ အခုထိ.."
ဂျဲနိုက ပြန်ဖြေတော့ မေမေက သက်ပြင်းချတယ်။ နောက်တော့ ဂျဲနိုလည်း မေမေနဲ့အတူ မီးဖိုခန်းဘက်ကို လိုက်လာရင်း သက်ပြင်းတွေပဲ ချမိတော့တာ။ ဂျဲနိုအပါအဝင် တစ်အိမ်လုံးက ဂျယ်မင်းရဲ့အိမ်ကို သေချာဖွင့်ပြောပြီး တရားဝင်တွဲစေချင်နေတာ။
တစ်သက်လုံး ရည်းစားထားဖို့ စိတ်ကူးမရှိဘဲ အိမ်ထဲကနေ အိမ်ပြင်မထွက်၊ သူငယ်ချင်းတွေနဲ့ ပျော်တာလောက်ပဲရှိတဲ့ဂျဲနိုက ဒီလိုမျိုး ရည်းစားဦးလေးကို အရမ်းချစ်နေတော့ မေမေတို့ကပါ ဂျယ်မင်းကို ချစ်ပေးကြတာ။ နောက်ပြီး ကြိုမသိနိုင်တဲ့ အနာဂတ်မှာလည်း ဂျယ်မင်းနဲ့ ပြတ်သွားမှာလည်း စိုးရိမ်နေကြသေးတယ်။

DU LIEST GERADE
Kiss Me Quick [Ongoing...]
FanfictionNCT DREAM × Fanfiction Ongoing ... [Uni + Zawgyi] Start - Oct 12, 2024 End - .......