05

214 32 39
                                    

*ဘုန်း!!

"အား... လန့်လိုက်တာ"

ဂျယ်မင်းက ဒုံဟျော့ခ်လန့်သွားတာကို မတောင်းပန်နိုင်သေး။ ကျောပိုးအိတ်ကို စားပွဲပေါ် ပစ်တင်ပြီး ခုံမှာဝင်ထိုင်လိုက်ရတယ်။

"ဘာလဲ၊ ဘာဖြစ်လာတာလဲ"

"...ဘာဖြစ်ရမှာလဲ! ကိုကိုပေါ့!!"

"ထပ်.. ထပ်.. ထပ်! ထပ်ပြီး ရန်ဖြစ်လာပြန်ပြီလား"

ဂျယ်မင်းက နားနှစ်ဖက်ကို ပိတ်ထားလိုက်ရတယ်။ ရင်ဖွင့်စရာဆိုလို့ ဒီသူငယ်ချင်းပဲ ရှိတယ်ဆိုပေမဲ့ ကိုကိုနဲ့ လမ်းခွဲခိုင်းတာမျိုးဆို မကြားချင်လို့လေ။

"ပြောပါဦး၊ ဒီတစ်ခေါက်ကရော ဘာဖြစ်တာလဲ"

"ဘာဖြစ်ရမှာလဲ၊ မနေ့ညကလေ...."

ဂျယ်မင်းက အဲ့လိုမျိုး အစချီပြီး သူဖြစ်လာတဲ့အကြောင်းတွေကို ပြောပြမိတော့တယ်။

မနေ့က ကိုကိုက နေသိပ်မကောင်းဘူးဆိုတာနဲ့ စိတ်ပူတဲ့ ဂျယ်မင်းကလေးက ဖေဖေ့ဆီ အပြေးလေးသွား၊ ပြီးတော့ "‌နေမကောင်းလို့ အိမ်ပြန်ချင်တယ်" လို့လိမ်ပြောပြီး ကိုကို့ဆီ အပြေးလေးသွားမိတာလေ။ ကိုကို့အခန်းရဲ့ သော့အပိုက ဂျယ်မင်းဆီမှာရှိတာမို့ ဖွင့်ဝင်လာပြီး...

"ကိုကို.."

ဂျယ်မင်းက ခပ်ကျယ်ကျယ်အသံပြုရင်း အိပ်ခန်းဘက်ကိုလျှောက်လာပေမဲ့ ထင်ထားသလို ကိုကိုက တကယ်နေမကောင်းတာမဟုတ်ဘဲ သူ့ကို ဆွဲပွေ့ပစ်လိုက်လို့ လန့်သွားရတော့တာ။

"ကိုကို နေမကောင်းဘူးဆို"

"...လိမ်တာ"

ဂျယ်မင်းက မျက်နှာလေးတောင် တည်သွားရတယ်။ အဲ့ဒီတော့မှ ကိုကိုက ဂျယ်မင်းကို ပွေ့ချီထားရာက အောက်ကိုချပေးပြီး ဂျယ်မင်းရဲ့မျက်နှာကို သူ့လက်တွေနဲ့ ဆွဲပင့်ယူထားရင်း...

"စိတ်ဆိုးတာလား"

"...."

"ကိုကို တောင်းပန်ပါတယ်၊ နော်.."

"ပြန်တော့မယ်"

ဂျယ်မင်းက ကိုကို့ကို တွန်းပစ်ပြီး လှည့်ပြန်ဖို့လုပ်လိုက်ပေမဲ့ ကိုကိုက နောက်ကနေ သိုင်းဖက်ထားရင်း ဂျယ်မင်းရဲ့ ဆံပင်လေးတွေထဲ မျက်နှာနှစ်ထားပြီး...

Kiss Me Quick [Ongoing...]Where stories live. Discover now