Prologue

278 58 8
                                    

Unicode

"Hyun လေး ၊ ကိတ်ခွဲလိုက်ကြရအောင်လေ။ 7 နာရီထိုးတော့မယ်"

အိမ်ထိန်းအဒေါ်ကြီးရဲ့ စကားကြောင့် ဆိုဖာပေါ်မှာထိုင်နေတဲ့ 6 နှစ်သားအရွယ်ကောင်လေးဟာ နံရံပေါ်ရှိ နာရီကို လှမ်းကြည့်တော့ 6 နာရီ 50 မိနစ်ဆိုတဲ့ ညွှန်ပြချက်က 7 နာရီထိုးတော့မည်ဖြစ်ကြောင်း ထောက်ခံနေခဲ့သည်။ ယင်းနောက် ကောင်ကလေးရဲ့ ခေါင်းညိတ်မှုနောက်မှာ မွေးနေ့သီချင်းဆိုသံ ထွက်ပေါ်လာခဲ့သည်။

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေလို့ သီဆိုပေးနေကြပေမဲ့ မွေးနေ့ရှင်မှာ မပျော်နိုင်ပါဘူး။ မေမေ မရှိနိုင်တော့တဲ့ မွေးနေ့မှာ ဖေဖေကပါ အချိန်မီ ရောက်မလာတာကြောင့် အိမ်ထိန်းအဒေါ်ကြီးရယ်၊ ဒရိုင်ဘာဦးလေးတို့နဲ့သာ ကျင်းပရတဲ့ ခပ်သိမ်သိမ်မွေးနေ့ပွဲမှာ သူ ဘယ်လိုများ ပျော်နိုင်မှာတဲ့လဲ။

သီချင်းသံအဆုံးမှာ လက်နှစ်ဖက်ယှက်၊ မျက်လုံးကို စုံမှိတ်လို့ ဆုတောင်းတစ်ခု ပြုလုပ်မိသည်။ အထီးကျန်ရခြင်းတွေ သည်မျှနဲ့ အဆုံးသတ်ပါလို၏။

ဆုတောင်းခြွေပြီးပြီးချင်းမှာပဲ တံခါးဖွင့်သံကျယ်ကျယ်နှင့်အတူ တံခါးမကြီးဟာ ပွင့်လာခဲ့ပြီး ဖေဖေဟာ ပြန်ရောက်လာခဲ့သည်။ ကလေးတွေက စိတ်ခံစားချက်ကို မထိန်းနိုင်ကြဘူး ဆိုတဲ့စကားက သိပ်မှန်တာပဲ။ အဖေဖြစ်သူကို မြင်တာနဲ့ မွေးနေ့ကိတ်ကိုပင် ကျောခိုင်းလို့ ကောင်လေးဟာ ချက်ချင်းပဲ တံခါးထံ ပြေးသွားခဲ့သည်။

"ဖေဖေ့ကို စောင့်နေတာ"

အဖေဖြစ်သူရဲ့ပေါင်ကိုဖက်လို့ စောင့်မျှော်နေခဲ့ကြောင်း ထုတ်ပြောမိသည်။

ထူးဆန်းသည်။ ဖေဖေဟာ သူ့ကို ပြန်ဖက်မလာပါ။
ပွေ့ဖက်လာခြင်းအစား သူ့ပုခုံးကို ခပ်ဖွဖွပုတ်လာသည်။
ပြီးနောက် ဖက်ထားရာမှ ခွာစေပြီး သူ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလို့ သူ့ကို ကြည့်လာသည်။ ဖေဖေ့မျက်ဝန်းတွေကို သူ ဖတ်ဖို့ ကြိုးစားကြည့်ပေမဲ့ သေသေချာချာ နားမလည်နိုင်ပါ။

"သားအတွက် ဖေဖေ့မှာ လက်ဆောင်ပါတယ်" ဟု ဆိုကာ
ဖေဖေဟာ အိမ်အပြင်သို့ ခဏပြန်ထွက်သွားသည်။

NEMESIS Where stories live. Discover now