Unicode
ဖေဖေ အလုပ်ကိစ္စနဲ့ ခရီးရှည်ထွက်သွားတာ တော်သေးသည်။
မဟုတ်ရင် ရန်ဖြစ်လို့ ကျောင်း ၂ ပတ် အနားခံရတဲ့အပေါ် ဆူနေဦးမည်။ အခုတော့ အဒေါ်ကြီးနဲ့ပဲ ကိစ္စအားလုံး ပြီးသွားခဲ့သည်။တံခါးခေါက်သံကြားရတဲ့အခါ သူ့ကိုဆေးထည့်ပေးဖို့ အဒေါ်ကြီး ဝင်လာတယ်ပဲ ထင်လိုက်တာကြောင့် ဝင်လာဖို့ Hyunjin အသံပြုလိုက်သည်။ သို့သော်လည်း အဒေါ်ကြီးမဟုတ်ဘဲ ဝင်လာသူမှာ Kim ဖြစ်နေတာကြောင့် အံသြမိသည်။ Kim က သူ့အခန်းကို ဝင်လာနေကျ မဟုတ်ပါ။
Kim က သိပ်ကို အမှတ်သည်းညှာကြီးတဲ့သူ ဖြစ်သည်။ ပထမဆုံး အိမ်ကိုရောက်လာတဲ့အဲဒီည၊ Hyunjin သူ့ကို အခန်းထဲမှ နှင်ထုတ်ခဲ့ပြီးကတည်းက အခု အထက်တန်းအထိကို Hyunjin ရဲ့အခန်းသို့ ယောင်လို့တောင် ခြေဦးမလှည့်ခဲ့ပေ။
အဲဒီလိုလူက အခုတော့ သူ့အခန်းကို ဆေးသေတ္တာလေးကိုင်လို့ ရောက်နေခဲ့သည်။ ကုတင်ပေါ် ထိုင်နေတဲ့ Hyunjin ရဲ့ရှေ့မှာ ရပ်လာတဲ့အထိ စကားတော့ တစ်ခွန်း ပြောမလာပါ။
တာဝန်ရှိတယ်လို့ ခံစားရလို့ ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် အမှန်တကယ်စိတ်ရင်းနဲ့လည်း ဖြစ်ချင်ဖြစ်မယ် Seungmin ဟာ သူ့မျက်နှာရှိ ဒဏ်ရာတို့ကို ဆေးလိမ်းပေးလာခဲ့သည်။ ယင်းနောက်မှာတော့ ပွန်းပဲ့နေတဲ့ လက်ဆစ်တို့အလှည့်။
ဆေးထည့်ပေးနေတဲ့ Seungmin ရဲ့ မျက်နှာကို Hyunjin အချိန်ယူပြီး ငေးကြည့်မိပါသည်။ ယခင်က ခွေးပေါက်လေးနဲ့တူတဲ့ ကောင်လေးက အခုတော့ ယောက်ျားဆန်စွာ ချောမောလာပြီပဲ။ သို့သော် သူ့အတွက်တော့ ခွေးပေါက်လေး ဖြစ်နေဆဲ။
မျက်နှာချောချောပေါ်က ရုပ်ဆိုးတဲ့ဒဏ်ရာတွေကိုတော့ Hyunjin မျက်နှာရှုံ့မိသည်။ Kim နဲ့ မအပ်စပ်တဲ့ ထိုဒဏ်ရာတွေကို သူ အလိုမကျပါ။
သူ့ဒဏ်ရာတွေကို ဆေးထည့်ပေးလို့ ပြီးသွားတဲ့အခါ ပြန်ဖို့လုပ်နေတဲ့ Seungmin ကို ကုတင်ပေါ်သို့ ဆွဲထိုင်ချလိုက်သည်။
"ဘာလုပ်---"
"ငြိမ်ငြိမ်နေ"
အခန်းကဏ္ဍတွေက ခုနကနဲ့ ပြောင်းပြန်ဖြစ်သွားကြသည်။
အခု Seungmin က ကုတင်ပေါ် ထိုင်နေပြီး Hyunjin က သူ့ကို ဆေးပြန်ထည့်ပေးနေသည်။
YOU ARE READING
NEMESIS
Fanfiction"မင်းက ဘယ်တော့မှ Hwang တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး" ခက်ထန်တဲ့စကားတို့ဟာ သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိသည့်အတိုင်း သူဟာ မျက်နှာတစ်ချက်မပျက်။ ဝမ်းနည်းခြင်းလည်း မရှိ။ အဲဒီအစား ရှေ့ကို ခြေတစ်လှမ်းတိုးလာကာ အသက်မပါသည့် လူသေကောင်နှယ် မျက်ဝန်းများဖြင့် ကြည့်လ...