2

154 43 4
                                    

Unicode

ပန်းချီသင်တန်းအဆင်းကို ဖေဖေလာကြိုမယ်ထင်ထားပေမဲ့ ကားသမားဦးလေးသာ လာကြိုတာကြောင့် လမ်းတလျှောက် Hyunjin မျက်နှာသိပ်မကောင်းပါ။ အိမ်ရောက်တာနဲ့ ဖေဖေ့ကို ဂျီကျဆိုးနွဲ့ဖို့ကိုလည်း ကြိုတွေးထားပြီးပါပြီ။

အရင်ဦးစွာ ဖေဖေရှိတဲ့ဆီကို မျက်နှာလေးစူပုတ်ပြီး သွားရမည်။
ပြီးရင် ဖေဖေက သူ့ကို အချိန်လည်း မပေးဘူး၊ ဂရုလည်း မစိုက်​တော့ဘူး ဟု စကားနာထိုးရမည်။ ထိုအခါက ဖေဖေက သူ့ကို ချော့ဖို့ ကြိုးစားလိမ့်မည်။ ယင်းကို အခွင့်ကောင်းယူကာ color palettes အသစ်တစ်ခု ဝယ်ခိုင်းမည်။

သူ့အကြံနှင့်သူ ကျေနပ်ကာ Hyunjin အိမ်ထဲသို့
ဝင်သွားလိုက်သည်။ သို့ပေမဲ့ သူ့အကြံကို အကောင်အထည် မဖော်လိုက်ရပါ။ ဖေဖေနှင့် သူတို့မိသားစုရှေ့နေတို့ကြား စကားဝိုင်းကြောင့် အရာအားလုံး ပျက်စီးသွားခဲ့သည်။

"ဒါကို လက်မှတ်ထိုးလိုက်ရင် မစ္စတာဟွမ်ရဲ့ဆန္ဒအတိုင်း ကလေးကို အပြီးအပိုင်မွေးစားပြီး မျိုးရိုးနာမည်ကိုပါ ဟွမ်အဖြစ် ပြောင်းဖို့ တင်သွင်းလို့ရပါပြီ"

ရှေ့နေ့ဦးလေးက ဖိုင်တွဲထဲမှ စာရွက်အချို့ကို ဖေဖေ့ရှေ့သို့ တိုးပေးပြီး ဘောပင်တစ်ချောင်းကိုပါ ရှေ့သို့ ချပေးသည်။ တစ်ဖက်မှာလည်း Hyunjin ရဲ့ စိတ်အခြေအနေက အနီရောင်အဆင့်သို့ ကူးပြောင်းနေလေပြီ။

ဖေဖေ သူ့ကို လာမကြိုနိုင်တာကို စိတ်သိပ်မဆိုးပေမဲ့
မလာနိုင်တဲ့ အကြောင်းအရင်းက Seungmin နဲ့ ပက်သက်နေတာကိုတော့ စိတ်ဆိုးမိပါသည်။ ဒါက သူ့ထက် ဟိုကောင်လေးကိစ္စကို ဦးစားပေးလိုက်တာပဲမလား။

ပြီးတော့ မျိုးရိုးနာမည်ပါ ပြောင်းပြီး မွေးစားမယ်။
ဟင့်အင်း၊ မရပါဘူး။ အဲဒီလိုဖြစ်လာမှာကို Hyunjin ဘယ်လိုမှ ခွင့်မပြုနိုင်ပါဘူး။

Seungmin က ဘယ်တော့မှ သူ့ရဲ့ညီလေးတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ ထို့နည်းတူစွာ ဟွမ်တစ်ယောက်လည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။

အခန်းအတွင်းသို့ Hyunjin ပြေးဝင်သွားလိုက်ပြီးနောက် စာရွက်ဖြူများကို လုယူကာ ဆုတ်ဖြဲပစ်လိုက်သည်။ ဆုတ်ဖြဲတာမှ မွမွကြေအောင်ကို ဆုတ်ဖြဲပစ်လိုက်ခြင်း ဖြစ်သည်။

NEMESIS Where stories live. Discover now