3

174 40 2
                                    

Unicode

"Hyun လေးရေ.. သူငယ်ချင်းတွေ လာလည်တယ်"

အိမ်ထိန်းအဒေါ်ကြီးရဲ့ခေါ်သံကြောင့် Hyunjin က အိမ်ပြင်ကို ပြေးထွက်သွားပြီး Seungmin ကတော့ အိမ်ထဲသို့ မြန်မြန်ဝင်ကာ သူ့အခန်းထဲသို့ ဝင်သွားခဲ့သည်။

Hyunjin က သူ့သူငယ်ချင်းတွေနဲ့ Seungmin ကို မပက်သက်စေချင်သလို Seungmin ကလည်း Hyunjin ရဲ့ သူငယ်ချင်းတွေနဲ့ မပက်သက်ချင်ပါ။ ထို့​ကြောင့် သူတို့က အိမ်လည်လာတိုင်း မဆုံအောင် ရှောင်နေတတ်သည်။

အခန်းထဲသို့ ဝင်လာပြီးနောက်မှာ ဆရာမ ပေးထားတဲ့ အိမ်စာတွေကို ထိုင်လုပ်ဖြစ်သည်။ သို့သော်လည်း အာရုံတို့ကို စုစည်းလို့ မရပါ။
အပြင်မှ ပျော်ရွှင်စွာ ဆော့ကစားနေသံများက အကြားအာရုံမှတစ်ဆင့် ဦးနှောက်အဖွဲ့အစည်းအထိ ကျူးကျော်လာကြသည်။

Seungmin စာအုပ်ကို ပိတ်ကာ ပြတင်ပေါက်နားသို့ သွားပြီး အပြင်ဘက်သို့ ကြည့်လိုက်တော့ Hyunjin ဟာ သူ့သူငယ်ချင်းတွေနဲ့ ဆော့ပြေးကစားနေလေသည်။ ရယ်သံတို့ကလည်း ခြံဝန်းတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိသည်။

ထိုမြင်ကွင်းကိုကြည့်နေရင်း သူ မုန်းတဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။ အဲဒါက ဝမ်းနည်းမှု ဖြစ်သည်။ ပြီးတော့ ယင်းနဲ့အတူ ကပ်ပါလာတဲ့ အထီးကျန်မှု။

စာသင်နှစ်တဝက်ပင် ရောက်နေပြီဖြစ်သော်လည်း Seungmin မှာ သူငယ်ချင်းတစ်ယောက်ပင် မရသေးပေ။ ဒါက သူကိုက စကားနည်းတာကြောင့်လည်း ပါသလို၊ ပထမဆုံးနေ့က ထမင်းစားချိန်မှာ Hyunjin ပြောလိုက်တဲ့စကားကြောင့် အားလုံးရဲ့အမြင်မှာ သူက ပေါင်းသင်းချင်စရာမရှိတဲ့ 'အခြားသူအိမ်မှာ ကပ်နေရတဲ့သူ' ဖြစ်သွားခြင်းကြောင့်လည်း ပါသည်။

အပြင်ပန်းမှာ တစ်ယောက်တည်းလည်း အဆင်ပြေသလို
ပြုမူနေထိုင်နေပေမဲ့ စိတ်ရဲတစ်ထောင့်တစ်နေရာကတော့
အထီးကျန်မှုကို ခံစားရသည်။

မတတ်သာလို့ မာကျောဟန်ပြုနေရပေမဲ့ ဒီအခွံတွေကို ဖယ်ချလိုက်ရင် သူကလည်း အများသူငှာလို ကလေးတစ်ယောက်ပါပဲ။ ပျော်ချင်သည်။ ပြုံးချင်သည်။ ကလေးသဘာဝ လွတ်လပ်ပျော်ရွှင်မှုကို ခံစားချင်သည်။

NEMESIS Where stories live. Discover now