Unicode
မုန်းတီးခြင်းတွေနဲ့ စတင်ခဲ့တဲ့ သူတို့ရဲ့တွေ့ဆုံမှုက နှစ်ကာလအတော်တန်သည်အထိ ရှောင်ဖယ်ခြင်းတွေဖြင့် ရှေ့ဆက်ခဲ့သည်။ သို့ပေမဲ့ သူတို့အသက် 9 နှစ်မှာတော့ သူတို့ကြားအခြေအနေကို တိုးတက်စေဖို့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့သည်။
မေမေ့နှစ်ပတ်လည်တိုင်း ဖေဖေနဲ့အတူ Hyunjin သည်
မေမေ့အရိုးပြာအိုးထားရှိရာသို့သွားကာ ဂါရဝပြုလေ့ရှိသည်။
သို့သော် ဒီနှစ်တော့ ဖေဖေ ရေမြေရပ်ခြားကို အလုပ်ကိစ္စနှင့် ရောက်နေ၍ ဦးလေးကြီးနှင့်သာ သွားရတော့သည်။ အဒေါ်ကြီးကလည်း သူ့တူမ မင်္ဂလာပွဲရှိလို့ ဇာတိပြန်သွားတာကြောင့် Seungmin ကို အိမ်မှာ တစ်ယောက်တည်းထားရင် မဖြစ်၍ သူတို့နဲ့အတူ ခေါ်လာရသည်။ဦးတည်ရာသို့ ရောက်သည့်အခါ Hyunjin က ကားပေါ်မှ ဦးစွာအရင်ဆင်းသွားပြီး ဦးလေးကြီးနှင့် Seungmin ကတော့ ခပ်လှမ်းလှမ်းမှ လိုက်သွားခဲ့ကြသည်။
မေမေ့ပြာအိုးထားရှိရာသို့ ရောက်သည့်အခါ Hyunjin ဦးစွာ မေမေ့ရဲ့ဓာတ်ပုံအား ငေးမောကြည့်မိသည်။ မေမေ့ရဲ့အပြုံးများက အသက်ဝင်နေဆဲ။ သို့သော်လည်း သက်ရှိထင်ရှား ပြုံးပြမလာနိုင်တော့ကြောင်း အသိကတော့ ဝမ်းနည်းရသည်။
အားလုံး အချိန်တန်ရင် သေဆုံးသွားကြရမှာပဲဆိုပေမဲ့
မေမေထွက်သွားချိန်ကတော့ စောလွန်းပါသည်။ ၅ နှစ်သာ အတူရှိနိုင်ခဲ့ခြင်းက မလုံလောက်ပါ။ သူ့မှာ မေမေနဲ့အတူပြုလုပ်ချင်တဲ့ အစီအစဥ်လေးတွေ အများကြီးရှိနေသေးတာကို။အဒေါ်ကြီးမဟုတ်ဘဲ မေမေပြင်ပေးတဲ့ မနက်စာကို စားချင်သေးသည်။
ကျောင်းကပြန်လာတဲ့အခါ စောင့်ကြိုနေမယ့်မေမေ့ကို ပြေးဖက်ချင်သေးသည်။ ညရောက်တဲ့အခါမှာလည်း မေမေ့ပေါင်ပေါ် ခေါင်းအုံးရင်း တစ်နေ့တာအကြောင်း ပြောပြချင်သေးသည်။အလယ်တန်း၊ အထက်တန်း ဘွဲ့ရသည်အထိ မေမေ့ကို သူဘေးမှာ ရှိစေချင်သေးသလို ရည်းစားဦးရတဲ့အခါ မေမေ့ကို အရင်ဆုံး ပြောပြချင်သည်။ သို့သော်လည်း သူ့စိတ်ကူးလေးများက ဘယ်တော့မှ လက်တွေ့ဖြစ်မလာနိုင်တော့တဲ့ အတွေးစများအဖြစ်သာ အဆုံးသတ်ခဲ့ရပါပြီ။
YOU ARE READING
NEMESIS
Fanfic"မင်းက ဘယ်တော့မှ Hwang တစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး" ခက်ထန်တဲ့စကားတို့ဟာ သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိသည့်အတိုင်း သူဟာ မျက်နှာတစ်ချက်မပျက်။ ဝမ်းနည်းခြင်းလည်း မရှိ။ အဲဒီအစား ရှေ့ကို ခြေတစ်လှမ်းတိုးလာကာ အသက်မပါသည့် လူသေကောင်နှယ် မျက်ဝန်းများဖြင့် ကြည့်လ...