1

262 51 1
                                    

Unicode

"ဘွားပေးတဲ့မွေးနေ့လက်ဆောင်ကို မြေးလေးက သဘောကျရဲ့လား"

မွေးနေ့လွန်ပြီးနောက် နှစ်ရက်အကြာမှာ ဘွားဘွားဟာ မွေးနေ့လက်ဆောင်နှင့်အတူ သူ့ထံသို့ အလည်ရောက်လာခြင်းဖြစ်သည်။ ခုံပေါ်တွင် တစ်ခုထပ်တိုးလာတဲ့ figure လေးကို ကြည့်ရင်း Hyunjin ခေါင်းညိတ်လိုက်သည်။ Figure လေးတွေ စုဆောင်းရတာကို ဝါသနာပါတဲ့သူ့အတွက် ဒီလက်ဆောင်လေးက နှစ်ခြိုက်စရာပါပဲ။

"ဘွားရဲ့လက်ဆောင်ကို သား ကြိုက်ပါတယ်"

ထို့နောက် ဘွားဘွားထံ လှည့်ကြည့်လိုက်တဲ့အခါ
ဘွားဘွားရဲ့အာရုံဟာ သူ့ထံ၌ ရှိမနေပါ။ အဲဒီအစား ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးနေသည်။ ဘွားဘွားရပ်နေတဲ့ ပြတင်းပေါက်နားသို့ Hyunjin လျှောက်သွားပြီးနောက် ခေါင်းလေးပြူကာ လိုက်ကြည့်မိသည်။

ဟိုကောင်လေး။
ခြံထဲရှိ အဖြူရောင်ဒန်းလေးပေါ်တွင် ထိုင်နေသည့်
အဲဒီကောင်လေးကို ဘွားဘွားကြည့်နေခြင်းဖြစ်သည်။

ဟုတ်သည်။ Hyunjin လက်မခံပါသော်လည်း
အဲဒီကောင်လေးဟာ သူတို့အိမ်မှာ ရှိနေဆဲဖြစ်သည်။
အလိုမရှိကြောင်း ဖေဖေ့ကို ပြောခဲ့ပေမဲ့ ဖေဖေဟာ လက်မခံ။

"မြေးလေး"

ဒန်းပေါ်မှာ ထိုင်နေပါသော်လည်း ဒန်းအား လွှဲစီးနေခြင်း မရှိဘဲ ထိုင်ရုံထိုင်နေသည့် ထိုကောင်လေးထံ အာရုံလွင့်သွားတဲ့ သူ့စိတ်တို့ဟာ ဘွားဘွားရဲ့ခေါ်သံကြောင့် မူရင်းနေရာသို့ ပြန်လည်ရောက်ရှိလာကြသည်။

ဘွားဘွားသည် သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလာပြီးနောက် သူ့ပုခုံးနှစ်ဖက်ပေါ်သို့ လက်တင်ကာ သူ့အား လေးနက်စွာ ကြည့်လာခဲ့သည်။

"ဘွားပြောတာ သေချာနားထောင်နော်။ ဘွားတို့ ဟွမ်မျိုးရိုးက သာမန်သွေးမဟုတ်ဘဲ ဘုရင့်အနွယ်တော်ကနေ ဆင်းသက်လာတဲ့ သိပ်ကိုကြီးမြတ်တဲ့မျိုးရိုးပဲ။ မျိုးရိုးတလျှောက်လည်း အမည်းစက် အစွန်းအထင်းရယ်လို့ မရှိခဲ့အောင်ကို နာမည်ကောင်း ရှိခဲ့ကြတယ်။ ဒါကြောင့် တော်ရုံလူကိုလည်း အမျိုးအနွယ်ထဲ အဝင်မခံခဲ့ကြဘူး။ ဒီလို အဆင့်ဆင့် စောင့်ထိန်းလာတဲ့ ဟွမ်မျိုးရိုးကို မြေးလေးက ဆက်ပြီး ထိန်းသိမ်းသွားရမယ်နော်"

NEMESIS Where stories live. Discover now