6

167 47 2
                                    

Unicode

"ဒီမှာ မင်းအတွက် နေ့လယ်စာ"

ခပ်မာမာလေသံတစ်ခုနှင့်အတူ ကော်ဖီအေးတစ်ဗူးနှင့် နေ့လယ်စာဟာ Hyunjin စားပွဲပေါ်သို့ ရောက်ရှိလာသည်။ ကတိအတိုင်း Seungmin သူ့ကို နေ့လယ်စာ ဝယ်ကျွေးနေရတာ တတိယမြောက်နေ့ ရောက်ပြီပင်။

တာဝန်တစ်ခုကို မလွှဲသာလို့ လုပ်ရသလို နေ့လယ်စာဗူးအား ပေးပြီးသည်နှင့် Seungmin ဟာ ခြေလှည့်ကာ ထွက်သွားဖို့ ပြင်သည်။ လက်ကောက်ဝတ်အား လှမ်းဆွဲကာ Hyunjin တားလိုက်တော့ ချက်ချင်းလှည့်ကြည့်လာကာ သူ့လက်ကို ဖြုတ်ချပစ်သည်။ သူ့အပေါ် Kim ရဲ့ သဘောထားက သိပ်ထင်ရှားပြတ်သားလှသည်။

"နေ့လယ်စာ ယူလာပေးလက်စနဲ့ ငါနဲ့အတူ တစ်ခါတည်း စားသွားပါလား"

တစ်အိမ်တည်းနေလာတဲ့ ဆယ်စုနှစ်တစ်ခုကျော်မှာ
တစ်ခါမှ ထမင်းအတူ မစားဖူးခဲ့တာကို အခုမှ ဘာလို့ အတူစားဖို့ ခေါ်မိသလဲ Seungmin သူ့ကို နားလည်မှာ မဟုတ်သလို Hyunjin ကိုယ်တိုင်လည်း သူ့ကိုယ်သူ နားမလည်ပါဘူး။ Seungmin နဲ့ ပက်သက်ရင် တခါတလေမှာ သူကိုယ်တိုင်တောင် နားမလည်တဲ့ အပြုအမူတွေ လုပ်မိ​နေတာကို မုန်းမိပါသည်။

"ငါမင်းနဲ့အတူ ထမင်းမစားချင်ဘူး"

Seungmin ဟာ သူ့ရင်သို့ ဓားတစ်ချောင်းကို ခပ်နက်နက်လေး စိုက်ထိုးသည်။ ယင်းရဲ့နာကျင်မှုက Hyunjin ရဲ့ စိတ်အစုံကို ထုံထိုင်းသွားစေသည်အထိ ပြင်းသည်။

ဘယ်ဘက်ရင်ဘတ်က နာကျင်သည်။ သို့သော်
ဘာကြောင့် နာကျင်နေရလဲ Hyunjin မသိပြန်ပါ။

ကတ္တားပုဒ်ဖြစ်သူ Seungmin ကတော့ သူ့ရဲ့နာကျင်မှုကို ရိပ်မိပုံမပေါ်။ သူ့အား ကျောခိုင်းကာ Jisung နဲ့ အခြားတစ်ယောက် ရှိနေတဲ့ ထောင့်ဆုံးက စားပွဲသို့ ဦးတည်ထွက်ခွာသွားသည်။

Seungmin ရဲ့ တစ်ခုချင်းစီသော လှုပ်ရှားမှုတွေကို Hyunjin လိုက်ကြည့်မိသည်။ သူငယ်ချင်းတွေကြား Seungmin ပြုံးရယ်တာကို မြင်ရတဲ့အခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

သူ့ကို စိတ်လိုလက်ရ ပြုံးမပြဖူးတဲ့ Kim က အခြားသူတွေကိုတော့ အလှဆုံးပြုံးရယ်ပြနေသည်တဲ့လေ။

NEMESIS Where stories live. Discover now