သဘာဝကိုလွန်ဆန်၍ (Part.3)

241 6 0
                                    

ညဘက်သန်းခေါင်ယံလူကျီတိတ်ချိန်တွင်လေညှင်းများကတို့ဝှေ့ကာလှိုင်းများကခက်လို့နေသည်။ ထိုအချိန်တွင်အန်တီနဲ့ဧကရီတို့ဟာမီးများပတ်ပတ်လယ်တွင်ထွန်းထားပြီးပတ်ပတ်လည်မှာမီးရောင်များနှင့်အလှဆင်ထားသည်။ဧကရီနဲ့အန်တီကတော့ထိုမီးဝိုင်းအလယ်မှာဧကရီကအန်တီ့ရဲ့ပခုံးထက်၌မှီ၍ထိုင်လို့နေကြသည်။

" အန်တီသက်ခြယ် "

" ဧကရီ့ကိုသီချင်းလေးဆိုပြပါလား "

" အန်တီကလေးချော့တေးတော့ဆိုပြဖူးပေမယ့်အတော် ‌ကြာပြီလေမကြားရတာ "

" ဒါဆိုဘာဆိုပွရမလဲ "

" အန်တီကြိုက်တာဆို "

" ဟုတ်ပါပြီ "

" ဒါဆိုဆိုပြီနော် "

" အချစ်နတ်တွေရှိပါရင် ချစ်သမီးပြောပါရစေ "🎶

" မရေရာလှတဲ့မောင့်ရဲ့စိတ်ကို ခိုင်အောင်ဖန်ဆင်းပေးလှည့်ပါ "🎶

" မောင်ဟာတကယ်ပဲ မ ရဲ့သခင် အသည်းထဲစွဲချစ်တယ် "🎶

" မောင်ရယ် မုန်းမယ်ပြင် အို....မ ရင်ခွင်ခွဲလို့အသက်ယူရှင်... "🎶

" မောင့်အကြိုက် မောင်လိုအင်တွေကို ငြိုငြင်တာမရှိဘူး မ ကခွင့်လွှတ်ခဲ့တယ် "🎶

" ချစ်တဲ့စိတ်တစ်ခုနဲ့ မောင့်ရဲ့အကြိုက်လိုက်တော့ မ မှာစိတ်အားငယ် "🎶

" မောင်မုန်းရင်ဘယ်လိုနေရမှာ ဘယ်လိုနေကာလေ ချစ်တဲ့စိတ်ကြိတ်မှိတ်လို့ဖြေ "🎶

" မောင့်အတွက်နဲ့ မ အသည်းတွေ ငိုပွဲ တမြေ့မြေ့ကျွမ်းပြီးကွယ်... "🎶

" WoW!!! အန်တီသက်ခြယ်ကလူတင်လှတာမဟုတ်ဘူးအသံကပါနားဝင်ချိုနေတာပဲ "

" အန်တီသက်ခြယ်ရှေ့ဘဝက ဘာကုသိုလ်တွေများလုပ်ခဲ့လို့ဒီလောက်တောင်နတ်သမီးသဖွယ်ပြည့်စုံနေရတာလဲ "

" ဧကရီ့အမြင်မှာ အန်တီကအဲ့လောက်တောင်ပြည့်စုံနေတာလား "

" အဲ့ထက်ပိုတယ် အန်တီကဧကရီလက်လှမ်းမမှီနိုင်တဲ့ပန်းတစ်ပွင့်လိုပဲ အရမ်းကိုလှပပြီးအများကြီးမြင့်လွန်းတယ် "

သဘာဝကိုလွန်ဆန်၍Where stories live. Discover now