သဘာဝကိုလွန်ဆန်၍ (Part.6)

234 8 0
                                    

ဧကရီသူ့သူငယ်ချင်းယွန်းဝတီဆီသို့ပြန်သွားပြီးယွန်းဝတီကိုတင်းကြပ်စွာပွေ့ဖက်ပြီးရှိုက်ကြီးတငင်ငိုချလိုက်သည်။ ယွန်းဝတီကတော့ရင်တွေခုန်နေပေမယ့်ဧကရီကဒီလောက်ထိခံစားနေရတာကိုပထမဆုံးမြင်ဖူးတာကြောင့်သူမစိတ်ပါဝမ်းနည်းပြီးစိတ်မကောင်းဖြစ်သွားရသည်။ဒီလိုနဲ့အချိန်တော်ကြာဧကရီခံစားနေခဲ့ရပြီးယွန်းဝတီကပဲနှစ်သိမ့်ပေးခဲ့ရပါသည်။ယွန်းဝတီ ဧကရီခံစားတာကိုထပ်မမြင်ချင်တော့တာကြောင့်သူမဆုံးဖြတ်ချက်တစ်ခုကိုချပြီးပြောလိုက်လေသည်။

" ဧကရီ "

" ပြောလေ ယွန်း "

" နင်ခံစားနေတာကိုငါမကြည့်ရက်နိုင်တော့ဘူး ဧကရီ "

" တောင်းပန်ပါတယ် ငါ့ကြောင့်နဲ့စိတ်အနှောက်ယှက်တွေဖြစ်ခဲ့ရတယ်မလား.. "

" ဟင့်အင်း မဟုတ်ပါဘူး ငါအဲ့လိုပြောချင်တာမဟုတ်ပါဘူး "

" ငါပြောချင်တာကနင်မခံစားရတော့အောင် နင်အန်တီမြသက်သက်ခြယ်ကိုမေ့ပြီးတခြားတစ်ယောက်ကိုအစားထိုးချစ်လိုက်ပါလားလို့ပြောချင်တာ.."

" နင်ဘယ်လိုတောင်ပြောရက်တာလဲ ငါ့အချစ်ကအဲ့လောက်လွယ်တယ်လို့နင်ထင်နေတာလား "

" မဟုတ်ပါဘူး အဲ့လိုမဟုတ်ဘူး နင်ချက်ချင်းကြီးတော့မမေ့နိုင်ပေမယ့်နောက်ကျရင်တော့မေ့နိုင်သွားမယ်လို့ငါထင်လို့ပါ "

" အန်တီမြသက်သက်ခြယ်လောက်ဘယ်သူမှငါ့ကိုချစ်အောင်ဆွဲဆောင်နိုင်မှာမဟုတ်တော့ဘူး "

" အန်တီသက်ခြယ်ကငါလိုချင်တာတွေအကုန်ဖြည့်ဆည်းပေးခဲ့တယ်ငါတောင်းဆိုတာနဲ့ကိုသူ့အသက်ကိုတောင်သူကပေးနိုင်တဲ့လူမျိုးအဲ့လိုလူမျိုးကိုငါကဘယ်လိုမေ့ပြီးတခြားတစ်ယောက်ကိုထပ်ချစ်ရဦးမှာလဲ "

" နင်တောင်းဆိုတာနဲ့အသက်ကိုပါပေးနိုင်တဲ့လူမျိူး.. အဲ့လိုလူမျိုးအန်တီသက်ခြယ်အပြင်တခြားတစ်ယောက်ထပ်ရှိနေသေးတယ်ဆိုရင်ရော နင်အဲ့လူကိုစဥ်းစားပေးမှာလား .. "

" ဟင့်အင်း အဲ့လိုလူကထပ်ရှိမှာမဟုတ်သလို ငါကလဲအန်တီသက်ခြယ်ကလွဲရင်တခြားတစ်ယောက်ကိုထပ်မချစ်နိုင်တော့ဘူး "

သဘာဝကိုလွန်ဆန်၍Where stories live. Discover now