သဘာဝကိုလွန်ဆန်၍ (The last part)

332 10 0
                                    

အန်တီသက်ခြယ်တို့ဆေးရုံမှဆင်းပြီးအိမ်သို့ပြန်ရောက်လာကြသည်။ဧကရီ အန်တီသက်ခြယ်ရဲ့အနားမှာဂရုတစိုက်ရှိနေပေးလေသည်။

" အန်တီသက်ခြယ် ဘာစားချင်လဲဟင် ဧကရီဝယ်ပေးမယ်လေ "

" ရပါတယ်မလိုပါဘူး အန်တီအကောင်းကြီးဖြစ်နေပါပြီနော် "

" ဒေါ်မြသက်သက်ခြယ်က ဧကရီဂရုစိုက်ပေးတာမခံချင်ဘူးပေါ့!! " ဟုနှုတ်ခမ်းလေးဆူကာစိတ်ကောက်ပြလိုက်လေသည်။

" ခံချင်ပါတယ် ခံချင်ပါတယ်နော် ကလေးလေး "

" ဟွန့်လူကိုများကလေးတဲ့ ဒေါ်မြသက်သက်ခြယ်ကဘယ်လောက်ကြီးနေလို့လဲနော် "

အန်တီသက်ခြယ်ရယ်ပြီးဧကရီ့ကိုပြန်ပြောလိုက်လေသည်။

" တို့က မင်းထက်ဘယ်လောက်မှမကြီးဘူးပေါ့လေ ဟုတ်လား "

" ဟုတ်တယ် ဧကရီ့အမြင်မှာတော့အန်တီကငယ်ရွယ်ပြီးနုပျိုနေတုန်းပဲ သိရဲ့လား "

" တို့အသက်ကကြီးနေပါပြီကွယ် သေမင်းဟာလက်တစ်ကမ်းတင်ပဲရှိတော့တာသိရဲ့လား တို့ဘယ်ချိန်ဘယ်ရာသေရမယ်ဆိုတာ မည်သူမျှမသိနိုင်ပဲ....ဒါ့ကြောင့် တို့ မင်းကိုစိတ်ချလက်ချထားခဲ့ချင်တယ် ..

အကယ်လို့ တို့ဒီလောကကြီးကနေမရှိတော့ရင်တောင် မင်း  တို့ကိုဆက်ချစ်နေဦးမှာလား "

" ချစ်နေမှာပေါ့ ပြီးတော့အဲ့လိုကြီးမရှိတော့ရင်ဆိုတဲ့စကားကိုနောက်ထပ်မသုံးပါနဲ့အန်တီ ဧကရီမကြိုက်ဘူး! "

" လူဆိုတစ်နေ့သေမျိုးချည်းပဲ အန်တီနဲ့ဧကရီကရှင်ကွဲမကွဲရင်တောင်သေကွဲကွဲကြရမှာပဲ ဧကရီ "

" အန်တီသက်ခြယ်သေရင် ဧကရီလဲလိုက်သေမယ်! "

" အဖန်ငါးရာငါးကမ္ဘာတဲ့ ကိုယ့်ကိုယ်ကိုသတ်မသေကောင်းဘူးဧကရီ! "

" ခံရပါစေပေါ့ အန်တီနဲ့အဖန်ငါးရာငါးကမ္ဘာတောင်ထပ်ဆုံရမှာပေါ့ ဘာဖြစ်လဲ! "

" အန်တီသက်ခြယ်နဲ့သာတူတူပျော်ရွှင်နေရပြီးတူတူသာသေရမယ်ဆို ဆယ်ကမ္ဘာလောက်မကျွတ်ပဲ ဒီလိုပဲပြန်ဖြစ်နေပါစေဦး ဧကရီတော့ကျေနပ်တယ်!! "

သဘာဝကိုလွန်ဆန်၍Where stories live. Discover now