အန်တီသက်ခြယ်နဲ့ဧကရီတို့ ပင်လယ်သို့ရောက်သွားပါပြီ။လေများကတဖြူးဖြူးတိုက်ခတ်၊ ပင်လယ်လှိုင်းများကခတ်နေသောပင်လယ်စပ်တွင်ဧကရီတို့လေညှင်းများခံနေကြသည်။
" အန်တီသက်ခြယ် "
" ရှင့် ပြောပါရှင့်ဘေဘီ "
" အန်တီသက်ခြယ်က ပင်လယ်နဲ့တူတယ်နော် "
" ဘာဖြစ်လို့လဲ ဧကရီ "
" ပင်လယ်ကြီးက အန်တီသက်ခြယ်လိုပဲအရမ်းလှတယ် "
" ဒါပေမယ့်နော် သေချာကြည့်မှပဲ အန်တီသက်ခြယ် ပင်လယ်ကိုရောက်လာတော့မှပင်လယ်ကြီးတောင်သိပ်မလှတော့သလိုပဲ "
" အန်တီသက်ခြယ်ရဲ့အလှပကြောင့်သိပ်လှပါတယ်ဆိုတဲ့ပင်လယ်ကြီးတောင်အရောင်မှိန်သွားသလိုပဲ "
ဧကရီ့ရဲ့ပြောတတ်လွန်းလှသောစကားများကြောင့်အန်တီသက်ခြယ်ကတော့ပြုံးစိစိဖြစ်သွားရသည်။
" အို..ဒီကလေးမကတော့ သိပ်စကားတတ်ပါလားနော် "
" ဟီး "ဟုဧကရီသွားလေးစိဂုတ်လေးငုံ့ကာရယ်ပြလိုက်ပြီးအန်တီသက်ခြယ်ကိုပြန်ပြောလိုက်လေသည်။
" တကယ်ပြောတာပါ "
" အန်တီအသက်၃၈ဆိုတာ ဧကရီဖြင့်ယုံတောင်မယုံနိုင်ဘူး "
" ဒီလောက်ထိလှနေတာ မအိုဆေးတွေများစားထားသလားပဲနော် "
" ဧကရီမြှောက်တာနဲ့ အန်တီတော့ ဟိုးကောင်းကင်ပေါ်ကိုမြောက်တက်တော့မှာပဲ "
" မြောက်တက်လို့ ကောင်းကင်ကနတ်သားက အန်တီ့ကိုနတ်သမီးလေးထင်ပြီး ယူလိုက်ရင်ရော အန်တီယူလိုက်မှာလား "
" လူ့ပြည်က ဧကရီ့ကိုထားခဲ့ပြီးတော့လေ .."
" မဟုတ်တာတွေဧကရီရယ် သိပ်စကားတတ်တာပဲ "
" အန်တီက ဧကရီဆိုးတာကို အသက်ရှည်ရှည်နေပြီးခံသွားဦးမှာပါ "
" ဟိုးကောင်းကင်ပေါ်ကနတ်သားပဲလာကြိုက်ကြိုက် လူ့ပြည်ကပြည့်စုံနေတဲ့ သူဋေးသားတွေပဲလာကြိုက်ကြိုက် အန်တီကတော့ ဧကရီနဲ့ပဲအတူနေမှာပါ စိတ်ချ "
" အန်တီကတိပေးတယ်နော် "
" ဟီး.."
အဲ့ဒါကြောင့်အန်တီ့ကိုချစ်နေရတာ " လို့ပြောပြီး အန်တီသက်ခြယ်ရဲ့ပါးကိုလျင်မြန်စွာပဲနမ်းလိုက်ပါတယ်။
YOU ARE READING
သဘာဝကိုလွန်ဆန်၍
Romansaဇာတ်လမ်းလေးကတော့ လှပပြီးပြည့်စုံလွန်းနေတဲ့အန်တီနဲ့အချွဲလေးတို့ရဲ့ဇာတ်လမ်းလေးပေါ့နော်မွေးစားထားရာကနေမွေးပြီးစားမှာပါ🌚စတာပါစတာပါ အချွဲစိန်ကလေးမလေးနဲ့အရာရာကိုသူမတောင်းဆိုတာနဲ့ဖြည့်ဆည်းပေးဖို့ဝန်မလေးတဲ့အန်တီတို့ဇာတ်လမ်းလေးပါ။ဒီficလေးကအများကြီးကြည်နူးရမ...