Unicode
လမ်းမှာကလေးတွေကစားနေကြရင်း မိဘမဲ့ကလေး နွဲ့ဧကရီဝင်းကိုဝိုင်းလှောင်ပြောင်ကြသည်။
" နင့်မှာအဖေလဲမရှိဘူး အမေလဲမရှိဘူး နင်ကမိဘမဲ့မ "
" ပြီးတော့နင်က ကိုယ်နဲ့မသိတဲ့သူစိမ်းကကျွေးမွေးတာကိုစားနေရတာ "
" ဟားဟားဟားဟား "
အဲ့ဒါနဲ့နွဲ့ဧကရီဝင်းစိတ်တိုသွားကာ" နင်တို့ငါ့ကိုအဲ့လိုမပြောနဲ့နော်ငါမကြိုက်ဘူး! "ဟုပြန်၍ရန်တွေ့လိုက်လေသည်။
" ပြောမှာပဲပြောမှာပဲနင်ကမိဘမဲ့ မိဘမဲ့ "
" သူများကျွေးမွေးတာစားနေရတာဟားဟား "
ထိုအချိန်မှာပဲနွဲ့ဧကရီဝင်းရဲ့မွေးစားမိဘဖြစ်သူအန်တီမြသက်သက်ခြယ်ကရောက်လာကာ ဝင်ပြောလိုက်လေသည်။
" အန်တီက နွဲ့ဧကရီဝင်းကို ချစ်စရာကောင်းလို့ ခေါ်မွေးစားထားတာလေ "
" သားတို့သာ နွဲ့ဧကရီဝင်းလိုမိဘမဲ့ကလေးဖြစ်ကြည့်ပါလား "
" ဒီလိုအပြုမူ၊ ဒီလိုစရိုက်မျိုးတွေနဲ့ဆိုဘယ်သူမှမမွေးစားပဲ မိဘမဲ့ကျောင်းမှာပဲတစ်သက်လုံးနေနေရမှာနော် "
" လာသမီး ဧကရီ "
အဲ့လိုပြောပြီးအန်တီသက်ခြယ် ဧကရီ့ရဲ့လက်ကိုဆွဲကာအနိုင်ကျင့်သောကလေးများရှေ့ကခေါ်ထုတ်သွားလေသည်။
" ဒီလိုစရိုက်မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့လို့အန်တီမှာထားတယ်လေ "
အဲ့လိုနဲ့ နွဲ့ဧကရီဝင်း အန်တီ့ကိုသဘောကျပြုံး ပြုံးပြလိုက်ပါသည်။
" အန်တီသက်ခြယ် "
" အန်တီသက်ခြယ်ကို ဧကရီအရမ်းချစ်တယ်နော် "
" ဧကရီ အန်တီ့ကိုဘယ်တော့မှထားမသွားဘူး "
" အန်တီ့နားမှာပဲနေပြီး အန်တီ့ကိုပြန်ပြုစုစောင့်ရှောက်ပေးပါ့မယ် "
ဧကရီပြောတာကို အန်တီသက်ခြယ်သဘောကျကာပြုံးပြလိုက် လေသည်။
" ဧကရီတကယ်ကတိတည်နိုင်ရဲ့လားနော် "
" ဧကရီကခုမှ၁၀နှစ်ပဲရှိသေးတာ "

YOU ARE READING
သဘာဝကိုလွန်ဆန်၍
Storie d'amoreလူတွေဟာမည်သူတစ်ဦးတစ်ယောက်ကိုချစ်ပါ၊မည်သူကိုတော့မချစ်ပါနဲ့ဆိုတာ၁၀၀% လုပ်ယူ၍မရနိုင်ပါ။ထို့ကြောင့်လူတစ်ယောက်ပေါ်ချစ်မိသွားရင်လဲ မည်သို့မျှပင်တားဆီးမရနိုင်ပေ။ဒါကြောင့်လူတစ်ယောက်ကိုချစ်တာဟာ ဝဋ်ကြွေးလုပ်မိသလိုပါပဲ လွတ်လမ်းဆိုတာမရှိပါဘူး။ဝဋ်ကြွေးပြုပြီးပြ...