သဘာဝကိုလွန်ဆန်၍ (Part.5)

748 20 0
                                    

Unicode

ဧကရီသူ့ရဲ့ဆိုးတူကောင်းဖက်ပေါင်းလာတဲ့တိုင်ပင်ပေါ်တိုင်ပင်ဖက် ‌သူငယ်ချင်းရှိရာအိမ်သို့သွားရောက်အကူညီတောင်း၍နေထိုင်နေပါသည်။သူ့ကို ဧကရီဖြစ်ကြောင်းကုန်စင်ပြောပြကာရှိုက်ကြီးတငင်ငိုပွဲချငိုနေသည်။

" နင့်အဖြစ်ပျက်ကြီးကလဲ တော်တော်လေးကိုအံ့သြစရာကောင်းတယ် "

" မိန်းမတစ်ယောက်ကမိန်းမတစ်ယောက်ကိုချစ်မိတာနဲ့တင်သဘာဝကိုဆန့်ကျင်နေပြီကို ခုဟာကကိုယ့်ကိုမွေးစားထားတဲ့ကျေးဇူးရှင်အန်တီကိုချစ်မိတယ်ဆိုတော့ တော်တော်လေးကိုသဘာဝကိုဆန့်ကျင်နေပြီ ဧကရီ "

" ငါသိပါတယ် ငါအရမ်းရူးမိုက်တယ်မလားဟင် "

" အချစ်ကလူတွေကိုရူးမိုက်စေပါတယ်ငါနင့်ကိုနားလည်တယ်နော်ဧကရီ "

" ကျေးဇူးတင်ပါတယ် "

" ရပါတယ် "

" ငါ..ခုဘာဆက်လုပ်ရမလဲ "

" သူ့ကိုပြန်သွားတောင်းပန်ရမလား "

" သူငါ့ကိုမုန်းသွားတာကိုငါဘယ်လိုလုပ်ပြီးပျော်ပျော်ရွှင်ရွှင်နေနိုင်ရမှာလဲဟင်.. "

" သူ့ဘက်ကငါ့ကိုပြည့်ပြည့်စုံစုံအလိုလိုက်ပြီးထားပေးတာတောင် ငါကအခွင့်ရေးတွေယူခဲ့မိတယ် "

" ငါသူ့အိမ်ကိုပြန်သွားတော့မယ် "

" နင်အဆင်ပြေပါ့မလား ငါလိုက်ခဲ့ရမလား "

" ရပါတယ်ငါတစ်ယောက်ထဲပဲသွားမယ် ကျေးဇူးပါနော် "

" အေးပါ နင်အဆင်မပြေရင်ပြန်လာခဲ့ဖို့မမေ့နဲ့ "

" အင်းပါ ငါသွားပြီ "

" အင်းအင်း "

ဒီလိုနဲ့ဧကရီထွက်သွားပြီးအန်တီသက်ခြယ်ရဲ့ခြံရှေ့သို့ပြန်ရောက်လာပါတယ်။bellကိုတီးလိုက်ချိန်တွင်အန်တီသက်ခြယ်အပေါ်ထပ် ဝရံတာကနေထွက်ကြည့်နေပါသည်။ပြီးနောက်အောက်ထပ်သို့ဆင်းလာကာဧကရီ့ကိုစကားပြောလိုက်လေသည်။

" မင်းဘာလာလုပ်တာလဲ "

" အန်တီမြသက်သက်ခြယ် "

" အန်တီ့ကိုဧကရီအရမ်းသတိရတယ် "

" နင့်ပါးစပ်ကနေအဲ့လိုစကားတွေထွက်မလာနဲ့တော့ ငါနင့်ကိုအရမ်းရွံရှာတယ်.."

သဘာဝကိုလွန်ဆန်၍Where stories live. Discover now