သဘာဝကိုလွန်ဆန်၍ (Part.4)

731 19 0
                                    

Unicode

" Morning baby "

" morning aunty "

" အန်တီတို့ဘယ်နေ့ပြန်ကြမလဲ "

" ဧကရီဒီကိုရောက်လက်စနဲ့ဆက်နေချင်သေးတယ်ရယ် "

" ဘယ်နှရက်လောက်လဲ "

" နောက်ရက်နည်းနည်းလောက်ပဲထပ်နေရအောင်လေ "

" ဟုတ်ပါပြီ ဒါဆိုလဲနေကြတာပေါ့ "

" အန်တီ့ကို တစ်ခုလောက်ထပ်ပြီးတောင်းဆိုလို့ရမလား "ဟုအန်တီသက်ခြယ်ကိုမရဲတရဲမေးလိုက်လေသည်။

" ဘာများလဲ ပြောပါဦး ကလေး "

" ကမ်းခြေရောက်နေတာဆိုတော့လေ.. "

" ဆင်တူ ရေကူးအင်းကျီလေးဝတ်ရအောင်လေ "

အန်တီသက်ခြယ်မျက်မှောင်ကြုံ့ကာ" ဧကရီ!! "ဟုအသံမာမာ ခပ်တင်းတင်းပဲခေါ်ပြီးပြောလိုက်သည်။

" အန်တီ့ကိုအဲ့လိုမျိုးတွေမခိုင်းနဲ့ကွာ အန်တီမကြိုက်ဘူး! "

" အရမ်းရိုင်းလွန်းတယ်ဧကရီ "

" ဧကရီကတော့ဝတ်ချင်ရင်ဝတ်ပါ ဒါပေမယ့်အန်တီကအသက်လဲကြီးနေပြီ အန်တီ့တစ်သက်နဲ့တစ်ကိုယ်ဒီလိုဝတ်ဖို့ဆိုတာတစ်ခါလေးတောင်မတွေးဖူးဘူး "

" အန်တီ့အရှက်သိက္ခာကိုအန်တီထိန်းသိမ်းတယ် "

" ဒီလိုပြောလို့ဧကရီ့ကိုကျဘာလို့ဝတ်ခွင့်ပြုလဲဧကရီမေးခွန်းထုတ်မလား "

" ဧကရီကငယ်သေးတယ်ဧကရီ့ကိုအန်တီဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့မတားချင်ဘူး "

" ဒါ့ကြောင့်မို့ဧကရီဝတ်ချင်ရင်တော့ ဧကရီတစ်ယောက်ထဲပဲဝတ်ပါ အန်တီ့ကိုလာမဝတ်ခိုင်းပါနဲ့ ဧကရီ "

" အန်တီကလဲကွာ ရှေးအယူစွဲနေတာပဲ "

" ကမ်းခြေမှာ bikini ဝတ်တာရိုင်းတာမှမဟုတ်တာ "

" ဘုရားမှာဝတ်တာလဲမဟုတ်ဘူး သူနဲ့သင့်တော်တဲ့နေရာမှာသူ့အဝတ်တော့ဝတ်ရမှာပေါ့အန်တီရဲ့ "

" အန်တီသက်ခြယ်ရယ် လုပ်ပါနော်နော် "

" မြင်ဖူးချင်လို့ပါ အန်တီသက်ခြယ်သာဝတ်ရင်သိပ်လှမှာ "ဟုမျက်နှာငယ်လေးဖြင့်ချွဲ၍ပြောလိုက်သည်။ဧကရီချစ်စရာကောင်းစွာချွဲတာကြောင့်အန်တီသက်ခြယ်ဟာမလွန်ဆန်နိုင်တော့ပေ။

သဘာဝကိုလွန်ဆန်၍Where stories live. Discover now