သဘာဝကိုလွန်ဆန်၍ (Part.7)

934 20 1
                                    

Unicode

" ဧကရီ ထိုင်လေ "

ဧကရီကတော့အန်တီသက်ခြယ်ဘာကြောင့်သူ့ကိုကောင်းကောင်းပြန်ဆက်ဆံနေသလဲအထူးဆန်းဖြစ်နေလေသည်။ဒါကြောင့်ဧကရီအန်တီသက်ခြယ်ကိုတွေဝေမနေပဲတည့်တိုးမေးချလိုက်သည်။

" အန်တီသက်ခြယ် "

" ဘာဖြစ်လို့ဧကရီ့ကိုအိမ်ပြန်ခေါ်လာတာလဲဟင် "

" အန်တီ ဧကရီ့ကိုခွင့်လွှတ်ပေးမလို့ပါ "

ထိုစကားကြောင့်ဧကရီတစ်ဖန်ထပ်ပြီးအံ့သြသွားရပြန်ပါပြီ။

" ဘာဖြစ်လို့လဲ ဧကရီ အန်တီ့ပေါ်မရိုးမသားစိတ်ရှိနေတာကိုအန်တီသဘောမကျတာကို ဧကရီ့ကိုခွင့်လွှတ်စရာမလိုပါဘူးအန်တီ "

" အန်တီ ဧကရီ့ကြောင့်နဲ့စိတ်ကျဥ်းကြပ်နေရမယ် "

" အန်တီလဲ ဧကရီ့ကိုချစ်တယ် ဧကရီ "

" ဧကရီ့ကိုမမုန်းဘူးလားဟင် "

" ဟင့်အင်း တစ်ခါလေးတောင်အန်တီ မမုန်းရက်နိုင်ပါဘူး "

ဧကရီမျက်ရည်များဝဲကျကာအန်တီသက်ခြယ်ကိုပြန်မေးလိုက်လေသည်။

" ဒါကအန်တီ ဧကရီ့ကိုကလေးတစ်ယောက်လိုချစ်မိနေလို့မဟုတ်လား "

" အွန်းဟုတ်တယ် အန်တီကဧကရီ့ကိုအပြစ်ကင်းစင်တဲ့ကလေးလေးတစ်ယောက်လိုသဘောထားပြီးချစ်တာ "

အဲ့ဒါနဲ့ဧကရီ အန်တီ့ကိုနှုတ်ခမ်းလေးဆူကာပြန်ပြောလိုက်ပါသည်။

" ဧကရီတော့သဘောမကျဘူးအန်တီ "

" ကလေးတစ်ယောက်လိုဧကရီ့ကို သဘောထားတာကိုမလိုချင်ဘူး အန်တီသက်ခြယ် "

" ဒါဆိုဧကရီလိုချင်တဲ့တိုင်း အန်တီချစ်ပေးမယ်လေ "

ထိုစကားကြောင့်ဧကရီပျော်သွားရှာပေမယ့်ဧကရီထူးဆန်းနေပြန်ပါပြီ။

" ဧကရီဘယ်လိုလိုချင်တာလဲ အန်တီသိရဲ့သားနဲ့ ဘာလို့အဲ့လိုပြောတာလဲအန်တီ "

အဲ့ဒါနဲ့အန်တီသက်ခြယ်က" သိလို့ပြောတာပေါ့ "ဟုပြုံးပြကာပြန်ပြောလိုက်လေသည်။

ဒီလိုနဲ့ဧကရီ့နှလုံးသားဟာတစ်ဖန်ပြန်ထကြွလာတော့သည်။တစ်ဖက်တွင်လည်းအန်တီ့နှလုံးသားဟာတဖန်ပြန်အလုပ်လုပ်လာပါတော့သည်။

သဘာဝကိုလွန်ဆန်၍Where stories live. Discover now