ဒီလို ပွင့်လင်းတဲ့ မေးခွန်းမျိုးမေးခံလိုက်ရတာကြောင့် လျန်လျန်ဒေါသထွက်ပြီး တုန်ယင်လာသည်။
"အဲ့တော့ရော?? နင်ရွံစရာလို့ထင်ရင် ငါနဲ့ နီးနီး ကပ်ကပ်မနေနဲ့ "
ထိုအခိုက်တန့်တွင် လျန်လျန် ကိုယ်လုံးတီး ဖြစ်သွားသလိုခံစားရပြီး ဒေါသကြောင့် မျက် နာပင် နီရဲလာသည်။
ကျုန်းဟန်နင် ဘာမှ တုန့်ပြန်မှု မပေးနိုင်ခင်မှာပဲ လျန်လျန် သူ့ကို တွန်းထုတ်ပြီး ထွက်သွားခဲ့သည်။
ကျုန်းဟန်နင် ရဲ့ နမော်နမဲ့ နိုင်တဲ့ စကား
လုံးများကြောင့် သူ့ကိုယ်သူဒေါသထွက်သွားသည်။ကျုန်းဟန်နင်သည် မျက်နာညိုးနွမ်းစွာနဲ့ အိမ်ကို ပြန်လာတော့ လင်ရှင်းသည်
"နင် ထမင်းစားပြီးပြီလား?? ဘယ်အချိန်ထိ ဒီလိုနေမှာလဲ?? အဲ့ ကော်ဖီဆိုင်မှာ အလုပ်သွားလုပ်နေသေးတာလား?"
တစ်ကိုယ်လုံး အေးစက်စက်ဖြစ်နေတဲ့ ကျုန်းဟန်နင်က
"အမေ ..ကျွန်တော်အဆင်ပြေတယ် !ကျွန်တော် နည်းနည်း ပင်ပန်းနေလို့ပါ အခန်းထဲဝင်တော့မယ် "
ဟန်နင်သည် ကောလိပ်တွင် computer science ကို သင်ကြားခဲ့ပြီး online software ပြီးမြောက်ဖို့ ကြိုးစားနေတာဖြစ်သည်။
ကောလိပ်ပထမနှစ်တွင် သူ့အမေ အပြင်းဖျားခဲ့တာဖြစ်သည်။ သူတို့ အရမ်းဆင်းရဲလွန်းတာတောင့် သူ့အဖေ တင်နေတဲ့ အကြွေးများကို ပြန်မဆပ်နိုင်ခဲ့ပေ။
လင်ရှင်းသည် သူမ နေမကောင်းဖြစ်နေတာကို သူ့သားအား ဖုံးကွယ် ထားခဲ့ပြီး အချိန်မှီမကုသနိုင်ခဲ့တဲ့ အတွက်ဆုံးသွားခဲ့သည်။
ကျုန်းဟန်နင်သည် အိပ်ယာထက်တွင် လှဲနေပြီး အပေါ်က ဖုန်ထနေတဲ့ မျက်နှာကျက်ကို ကြည့်လိုက်သည်။သူ့ရဲ့အခန်းထဲတွင် အိပ်ယာနဲ့ စားပွဲတစ်လုံးပဲရှိပြီး သူ့ရဲ့စိတ်အရမ်းမွန်းကျပ်နေသည်။
နောက်တစ်လ May ကျရင် သူမနိုင်ငံခြားကို ထွက်သွားတော့မှာဖြစ်သည်။ လျန်လျန်ကို လက်လွှတ်လိုက်ရပြီး နောင်တရတာမျိုးကို ထပ်ပြီး မကြုံချင်တော့ပေ။
YOU ARE READING
အချစ်များအားလုံးမင်းအတွက်သာ♥️
Mystery / Thrillerဒါလေးကတော့ ကျွန်မဘာသာပြန်မဲ့ ကျောင်းသား အချစ်ဝတ္ထုဖြစ်ပြီး မှောင်မှောင်ရိုရိုလေးပါ🌚♥️ ဇာတ်လမ်းအကျဉ်းချုပ်ကို တင်ပေးထားပါတယ်♥️ အခန်း(၁)ကို မနက်ဖြန် Monday ကျရင်တင်ပေးပါမယ် Update က Monday to Friday တစ်ပတ် ၅ပိုင်းပါ♥️