အခန်း(၁၅)
သူ့ရဲ့ နက်မှောင်သော မျက်လုံးများက အရှေ့က ကောင်မလေးကို စိုက်ကြည့်နေပြီး အထက်တန်းတုန်းကနဲ့ယှဉ်လိုက်ရင် ပိုပြီးဆွဲဆောင်မှုရှိလာသည်။
လျန်လျန်မှာ လှပတဲ့ ရုပ်ရည်သွင်ပြင်ရှိတဲ့ အပြင် မိသားစုနောက်ခံကောင်းတဲ့သူဖြစ်တာကြောင့် သူမကို လိုက်ပိုးပန်းတဲ့သူများပြီး သူမမှာ ကောင်လေးရှိဖို့က သေချာသည်။
ထိုမိန်းကလေးသည် နှုတ်ခမ်းကွေးတက်သွားပြီး ပြုံးလိုက်ကာ
"အတော်ပဲ...ငါ့မှာလဲကောင်လေးမရှိဘူး..ငါတို့လက်ထပ်ကြမလား??"
သူမအိမ်ထောင်ပြုဖို့ ယောကျာ်းတစ်ယောက်ရှာနေတာဖြစ်ပြီး ဟန်နင် သည် သူမနဲ့ လိုက်ဖက်လွန်းသည်။
ဟန်နင်ရဲ့ ရုပ်ရည်သည် ကြည့်ကောင်းရုံမက ပညာထူးချွန်ပြီး အရည်ချင်းရှိသူဖြစ်သည်။
သူတို့ရဲ့ အတန်းဖော် မဂ်လာပွဲပြီးနောက်မှာတော့ တရားရုံးမှာ လက်ထပ်မှတ်ပုံတင်သွားလုပ်ခဲ့သည်။
ကျုန်းဟန်နင်သည် ပျော်လွန်းလို့ လေ
ပေါ် ရောက်နေတဲ့ခံစားချက်မျိုးဖြစ်နေပြီး အခုထိ အမှန်ဖြစ်ကြောင်း လက်ခံရမှာခက်ခဲနေဆဲ...ကြာလာရင် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးတိုးတက်လာမယ်လို့ ထင်ခဲ့သည်။
အချိန်တစ်ခုရောက်လာရင် လျန်လျန် သူ့ကို ချစ်လာမယ်လို့မျှော်လင်ခဲ့သည်။ ဒါပေမဲ့ လျန်လျန်ကတော့ အိမ်ထောင်ရေးကို စိတ်ထဲတောင်ထည့်ထားခြင်းမရှိခဲ့ပေ။
ဟန်နင် အလုပ်များနေတဲ့အချိန် လျန်လျန်သည် ကမ္ဘာအနံ့ခရီးပတ်ပြီး ပျော်နေခဲ့သည်။
သူတို့သာဒီလိုဆက်သွားရင် ကွင်ရှင်းရလိမ့်လို့ အိမ်ထိန်းကပြောခဲ့သည်။ ဒါပေမဲ့ ဟန်နင်သည် လျန်လျန်နဲ့ ဆက်ဆံရေးကို ဘယ်လိုတိုးတက်လာအောင် လုပ်ရမလဲဆိုတာကိုမသိပေ။
Mid -Autumm ပွဲတော်တွင်
ဟန်နင် အလုပ်စောစောပြီးလို့အိမ်ကို ပြန်လာတော့ ထုံးစံအတိုင်း ခြောက်ကပ်ကပ်ဖြစ်နေပြီး ဧည့်ခန်းတွင် တိတ်ဆိတ်မှုကိန်းအောင်းနေသည်။
YOU ARE READING
အချစ်များအားလုံးမင်းအတွက်သာ♥️
Mystery / Thrillerဒါလေးကတော့ ကျွန်မဘာသာပြန်မဲ့ ကျောင်းသား အချစ်ဝတ္ထုဖြစ်ပြီး မှောင်မှောင်ရိုရိုလေးပါ🌚♥️ ဇာတ်လမ်းအကျဉ်းချုပ်ကို တင်ပေးထားပါတယ်♥️ အခန်း(၁)ကို မနက်ဖြန် Monday ကျရင်တင်ပေးပါမယ် Update က Monday to Friday တစ်ပတ် ၅ပိုင်းပါ♥️