အခန်း(၆) ဟန်နင်ရဲ့ တစ်ဖက်သတ်အချစ်

2.3K 29 0
                                    

ကျုန်းဟန်နင်သည် သူမရဲ့ လက်မောင်းကိုမသိမသာလေး ထိလိုက်တာကြောင့် သူမခဏသာ အေးစက်သွားပြီး  သူ့ကို ရှောင်ဖယ်လိုက်သည်။

ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ယွီချီလင်ရဲ့ လက်ကိုဆွဲလိုက်ကာ သူတို့အတွက် သောက်စရာသွားယူပေးမယ်လို့ပြောခဲ့သည်။

ကောင်မလေးနှစ်ယောက်ထွက်သွားတော့ ကျန်းယဲ့သည် ဟန်နင်ကို တံတောင်ဆစ်နဲ့ တို့လိုက်သည်။

ဟန်နင်က လျန်လျန်ကို စိတ်ဝင်စားနေတယ် ဆိုတာကို ကျုန်းယဲ့ မမျှော်လင့်ထားခဲ့ပေ!

"မင်းဘယ်ချိန်ကတည်းက လျန်လျန်ကို သဘောကျသွားတာလဲ!!"

ဟန်နင် ကျောပိုးအိတ်ကို ဖွင့်လိုက်ပြီး စာအုပ်ကို ကိုင်ထားလိုက်ပြီး‌နောက် လျန်လျန် လွယ် အိတ်ထဲက sex toy တွေကို တစ်ချက်ကြည့်လိုက်သည်။

ကျုန်းဟန်နင်ရဲ့ အသံသည် ကြည်လင်ပြီးပြတ်သားနေသည်။

"မင်းစာကိုပဲ အာရုံစိုက်စမ်းပါ..ဒါက ငါ့ရဲ့ တစ်ဖက်သတ်အချစ်သတ်သတ်ပဲ!"

ကျန်းယဲ့ ပါးစပ်ဖွင့်ထားပြီးအံ့ဩနေသည်။
ကြက်သိန်းမွေးညှင်တွေပင် ထလာသည်။

ဟန်နင်ကတော့ ခေါင်းငုံထားပြီး အစည်းဝေးအစီစဉ်တွေကိုချရေးနေသည်။

ယွီချီလင် ပြန်လာတော့ လေထုက အေးစက်သွားသလိုခံစားရသည်။

ကျုန်းဟန်နင် သူမကို စိုက်ကြည့်လိုက်ပြီး လေသံပေါ့ပေါ့နဲ့ မေးလိုက်သည်။

"လျန်လျန် ဘယ်မှာလဲ!"

ယွီချီလင် သည် အေးတက်အေးစက် အတန်းခေါင်းဆောင်ကို အရမ်းကြောက်သူဖြစ်သည်။

အတန်းခေါင်းဆောင်က စာသင်ခန်းထဲမှာတော့ ကျောင်းသားတွေ နဲ့ လိုက်လျောညီထွေဖြစ်အောင်နေပြီး ဦးဆောင် စည်းရုံးတတ်ပေမဲ့ အရပ်ရှည်ပြီး ကြည့်လို့ကောင်းတဲ့ သူဖြစ်တာကြောင့် အတန်းထဲမှာ သူ့ကို လိုက်ကြိုက်တဲ့ ကောင်မလေး အရမ်းများသည်။

သူ့ကို သွားရှုပ်လို့တော့မရပေ!!

ယွီချီလင် အသံတိုးတိုးလေးထွက်ပေါ်လာသည်။

အချစ်များအားလုံးမင်းအတွက်သာ♥️Where stories live. Discover now