လျန်ကျန်းမူ မျက်နှာတင်းမာနေပြီး ဗီလာရှိရာကိုလျှောက်သွားပြီးနောက်"မင်းဘာလို့ လူတွေခေါ်ပြီး အိမ်မှာ
မန်ကျုန်းကစားနေပြန်တာလဲ??လျန်လျန်က အိမ်မှာသူစိမ်းလာတာမကြိုက်ဘူးလို့ပြောထားတာကိုမင်းမေ့နေတာလား??"ကျန်းမူသည် ဒေါသထွက်တဲ့ လေသံနဲ့ မဟုတ်ပဲအေးဆေးပြောနေတာဖြစ်သည်။ ဒီနှစ်တွေအတွင်းမှာ သူ့သမီးနဲ့ မိန်းမကြားပြေလည် ဖို့ အမြဲညှိယူနေခဲ့ရသည်။
ကျန်းမူရဲ့ မျက်နှာအား အခြားတစ်ဖက်ကိုလှည့်ထားလိုက်သည်။
"ကောင်းတယ်...ကောင်းတယ်...ရှင့်မှာသမီးတစ်ယောက်ပဲရှိတာလား??"
"လျန်ရှီက ရှင့်သမီးမဟုတ်ဘူးလား??သူလက်ဒဏ်ရာရနေတာမဟုတ်ရင် အိမ်ပြန်လာပြီး နေမှာတောင်မဟုတ်ဘူး?? လျန်ကျန်းမူ..ရှင်ကျွန်မနဲ့ ထိုက်တန်ရဲ့လား??"
သူမရဲ့ လက်သီးဆုတ်ကာ လျန်ကျန်းမူရင်ဘတ်ကိုထိုးနေပြီး မျက်ရည်များစီးကျနေသည်။
လျန်ကျန်းမူသည် ပင်ပန်းနေပြီး ဒီလိုအသေးများကိစ္စနဲ့ ဝူ့မန်လီအား စကားမများချင်ပေ။
လျန်ကျန်းမူသည် သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး
"ဝူ့မန်လီ..မင်းလုပ်တတ်တာက ရန်ဖြစ်စကားများတာတစ်ခုပဲလား..ဟမ်"
သူ့ရဲ့ခက်ထန်တဲ့ မျက်နှာအမူယာနဲ့ စိတ်နေသဘောထားကြောင့် ဝူ့မန်လီပိုပြီးဒေါသထွက်လာသည်။ သူတို့ သားအမိက လျန်ကျန်းမူ မျက်နှာပွင့်အောင် မိသားစုဂုဏ်သတင်းတက်အောင် အမြဲနေခဲ့ရတာလေ။
ဒါတောင် နောက်ဆုံးတော့ သူက လျန်လျန်ကို ကာကွယ်ပေးနေတုန်း။
ဝူ့မန်လီရဲ့ ရင်ဘတ်သည် ဒေါသကြောင့် ပေါက်ထွက်လုမတတ်ပူလောင်လာပြီး သူမလှောင်ရယ်လိုက်သည်။
"ရှင့်ရဲ့ သမီးလိမ္မာလေးကတော့ အပြင်ထွက်ပြီး ပျော်ပါးနေတယ် ..ရှင့်ကိုရှင်အဖေကောင်းလို့ထင်နေသေးတာလား?? သူမရှင့်ကို အဖေလို့သတ်မှတ်သေးရဲ့လား??"
လျန်ကျန်းမူ မျက်လုံးပြူးကျယ်လာပြီး
"မင်းဘာပြောလိုက်တယ်??? မင်းငါ့ကိုဘာလို့မပြောပြခဲ့တာလဲ??"
.
.
YOU ARE READING
အချစ်များအားလုံးမင်းအတွက်သာ♥️
Mystery / Thrillerဒါလေးကတော့ ကျွန်မဘာသာပြန်မဲ့ ကျောင်းသား အချစ်ဝတ္ထုဖြစ်ပြီး မှောင်မှောင်ရိုရိုလေးပါ🌚♥️ ဇာတ်လမ်းအကျဉ်းချုပ်ကို တင်ပေးထားပါတယ်♥️ အခန်း(၁)ကို မနက်ဖြန် Monday ကျရင်တင်ပေးပါမယ် Update က Monday to Friday တစ်ပတ် ၅ပိုင်းပါ♥️