15

2.5K 139 11
                                    

အရင်ဇာတ်လမ်းနဲ့မကွဲသွားပေမယ့် လိုအပ်တာတွေဖြည့်ရေးပေးထားပါတယ်
.
.
.

ခြံထဲက တထပ်အိမ်လေးထဲ Hoseok Hyung ဝယ်ပေးခဲ့တဲ့အစားအသောက်တွေကိုရေခဲသေတ္တာထဲသိမ်းကာ မနေတာကြာလို့ သန့်ရှင်းရေးကြိုလုပ်ခိုင်းထားပေမယ့် စိတ်တိုင်းမကျသေးတဲ့ Kim တယောက် သူ့ဘာသာစိတ်ပြေလက်ပျောက် အိမ်လေးကို သန်ရှင်းရေးလုပ်ရန် ပြတင်းပေါက်တွေအကုန်ဖွင့်ချလိုက်ပြီး ဝတ်ထားတဲ့ shirt အကျီလက်ကိုခေါက်တင်ကာ သန့်ရှင်းရေးစလိုက်သည်..နေ့လည်လောက်ထဲကရှင်းလိုက်တာ ညနေစောင်းလောက်မှာတော့ အိမ်လေးကသန့်ရှင်းတောက်ပြောင်သွားတော့
သည်..

စိတ်ညစ်ရင်အိမ်သန့်ရှင်းရေးလုပ်ဆိုသလိုပေါ့.
အနည်းဆုံးတော့ ထိုသန့်ရှင်းရေးလုပ်နေတဲ့ 3 နာရီလောက်အတောအတွင်းမှာ ဘာမကြောင်းမှမတွေးမိတော့ဘူး..

သန့်ရှင်းရေးလုပ်ပြီး ရေမိုးချိုးကာ ညနေစောင်းဘက်အေးစိမ့်စိမ့်လေးဖြစ်လာတာကြောင့် မီးလင်းဖို​ထဲ ထင်းလေးတွေထည့်ကာ မီးဖိုလိုက်သည်...မီးဖိုချောင်ထဲ ညစာအတွက် ခေါက်ဆွဲပြုတ်လေးသာပြုတ်လိုက်ပြီး chamomile ပန်း ခြောက်ရေနွေးကြမ်းလေးတခွက်ရယ် စာအုပ်လေးတအုပ်ရယ်နဲ့ မီးလင်းဖိုလေးနားက စားပွဲပေါ်တင်ကာ ဘေးကလှုပ်ကုလားထိုင်လေးမှာ ဝင်ထိုင်လိုက်သည်.

ခြံကျယ်ကြီးထဲ အိမ်လေးတလုံးထဲသာရှိပြီး အိမ်ရှေ့မီးလုံးအဝါရောင်လေးကမီးရောင်ဖျော့ဖျော့​သာလင်းလို့နေသည်..တိတ်ဆိတ်တဲ့ညချမ်းလေးမှာ ညဘက်ထွက်တဲ့ အကောင်လေးတွေရဲ့အသံကလွဲလို့ အရာရာကတိတ်ဆိတ်ခြင်းအတိ..

စာအုပ်လေးဖတ်ရင်း ရေနွေးခြမ်းလေးသောက်ကာ နေလိုက်တာ အချိန်ကဘယ်လိုကုန်သွားမှန်းတောင်မသိလိုက် စာအုပ်အပြီးမှာ နာရီကြည့်လိုက်တော့ ည10:00 နာရီ..

စာအုပ်ကိုပိတ် မီးကိုညှိမ်းလို့ အိပ်ခန်းထဲသို့ဝင်လာခဲ့သည်..အရာအားလုံးက တိတ်ဆိတ်နေပြီး အိပ်ယာထပ်ပက်လက်အနေအထားမှာ မျက်နှာကြပ်ကိုကြည့်ရင်း မျက်လုံးအိမ်ထောင့်ကနေစီးကျလာတဲ့ မျက် ရည်စက်လေးတွေ ဘယ် လောက်တောင်လည်းဆို ခေါင်းအုံးတောင်ရွဲလို့နေသည်..

AFTER (Complete) Where stories live. Discover now