Sugar Lady -3

2.3K 180 5
                                    

တစ်ပတ်ကြာပြီးနောက်

လက်ထဲက ဆေးစာရွက်အဖြေကိုကြည့်ပြီး အခုမှ
ဝသန့်ရင်ထဲက အပူလုံးငြိမ်းသွားတော့သည်။
ဘာကူးစက်ရောဂါမှရှိမနေ။
စာရွက်ကိုလက်ကိုင်အိတ်ထဲ ခေါက်ထည့်လိုက်ပြီး
ဖုန်းမြည်သံကြောင့် ဖုန်းကိုထုတ်ကြည့်လိုက်သည်။
ကိုကြည်သာအောင့်ဆီကဖြစ်သည်။
ဝသန် မျက်ခုံးတစ်ချက်ပင့်ကာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

စားသောက်ဆိုင်တစ်ခုမှာ ကိုကြည်သာအောင်က
နေ့လည်စာစားဖို့ချိန်းထားတာကြောင့် ဝသန် သူချိန်း
ထားသည့်ဆိုင်သို့ရောက်လာခဲ့လေသည်။
သီးသန့်ခန်းထဲ သူမရောက်သည်နှင့် ကိုကြည်သာ
အောင်က အသင့်ရပ်စောင့်နေသည့် စားပွဲထိုးကို
လှမ်းခေါ်လိုက်သည်။
စားစရာတွေမှာထားရင်း စကားပြောကြသည်။

"ညီမက ဒီဆိုင်က အစားအစာတွေကြိုက်တယ်
ဆိုတော့ အစ်ကို ဒီဆိုင်မှာပဲ ဘိုကင်တင်လိုက်တာ"

"ဟုတ်တယ်...ဒီဆိုင်ကသန့်ရှင်းတယ် စားစရာ
တွေထည့်တဲ့ပန်းကန်တွေကိုလဲ အဆင့်ဆင့်ပိုး
သတ်ပြီး၊ဆေးကြောပြီးမှ အသုံးပြုတာ"

ကြည်သာအောင်က ဝသန်ပြောသမျှကို ပြုံး၍သာ
နားထောင်နေသည်။

မှာထားသည့်စားစရာတွေ ရောက်လာချိန်
လက်တွန်းလှည်းပေါ်က စားစရာပန်းကန်တွေကို
စားပွဲပေါ်သို့ ဂရုတစိုက်နှင့်ချပေးနေသည့် စားပွဲ
ထိုးရဲ့မျက်နှာကို အမှုမဲ့အမှတ်မဲ့ မော့ကြည့်လိုက်မိ
သည်။

"ဟင်.."

အဝတ်အစားသေ​သေသပ်သပ်ဝတ်ကာ ခပ်တိုတို
ဆံပင်တွေကို သေချာဖြီးလိမ်းထားသည့်
စားပွဲထိုးကလဲ ဝသန့် ကိုမြင်တော့ အံ့သြသွား
ပြီး ချက်ချင်းဆိုသလိုပင် အကြည့်လွှဲကာ ပန်း
ကန်တွေအကုန်ချပြီးသွားသည်နှင့် တွန်းလှည်းကိုပြန်တွန်း၍ အနားကထွက်သွားလေတော့သည်။

ဝသန် နေ့လည်စာထက် စောစောကတွေ့လိုက်ရသည့်
စားပွဲထိုးဆီမှာသာ အာရုံရောက်နေလေသည်။
ကိုကြည်သာအောင်ပြောနေသည့်စကားတွေက
ဝသန့်နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်။

My Sugar Lady Is A Little CrazyWhere stories live. Discover now