ကားရပ်လိုက်သည်ဆိုသည်နှင့် ကိတ် ကားပေါ်က
ကမူးရှူးထိုးနှင့်ဆင်းပြေးကာ မြောင်းထဲမှာ ခေါင်း
စိုက်ပြီး ထိုးအန်လေတော့သည်။ဝသန် ကားတံခါးကို ဆောင့်ပိတ်လိုက်ပြီး စံအိမ်ဘက်သို့ ထွက်သွားသည်။
ကိတ် ခေါင်းကို လက်နှစ်ဖက်နှင့်အုပ်ကာ မူးဝေ
နေသည့်ခံစားချက်ကို ကြိတ်မှိတ်ခံနေရသည်။အိမ်အကူလေးတစ်ယောက် ကိတ်ဆီသို့ ပြေးလာ
ပြီး"အစ်မ...ဘာဖြစ်လို့လဲ..."
"ကားမူးလို့..."
"ဟယ်...ပါးတစ်ဖက်ကလဲ နီနေပါ့လား"
ကိတ် အရိုက်ခံထားရသည့် ပါးကိုယောင်ရမ်းပြီး
ထိကြည့်လိုက်တော့ နာသွားသည်။"အ..."
"ဘာတွေဖြစ်လာတာလဲ...မမလေးလုပ်တာလား..
မမလေးကလဲ အိမ်ထဲဝင်လာတာ စိတ်တိုနေတဲ့
ပုံနဲ့...""အင်း..."
"ထ..ထ...ညီမတွဲပေးမယ်..."
စံအိမ်အနောက်ဘက်ကို တွဲ၍ဝင်သွားသည့် လူ
နှစ်ယောက်ကိုလှမ်းကြည့်ကာ ဝသန် ပြတင်းပေါက် လိုက်ကာစကို ပြန်ချလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ဒင်းလိုဟာက ဒီလောက်ပညာပြထားတာတောင်
လက်ရဲဇဲရဲနိုင်နိုင်သေးသည်။
ကိုယ့်မှာလဲ သူ့ဘက်က အဲ့လိုထိကပါးရိကပါး
လုပ်လာရင် ဘာကြောင့်မှန်းမသိ ရင်တွေခုန်နေတာ။
ချက်ချင်း ရုန်းထွက်မရဖြစ်ပြီး မျောပါသွားတာ။
ဒါကြောင့် ဒင်းက ပိိုပိုပြီး ရဲတင်းလာတာဖြစ်မည်။.........
"ဘယ်လိုလဲကိုနေ...မျက်နှာမသာမယာနဲ့ပါလား"
ချိုချိုဝေက နေမျိုးဦးရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီး
နေမျိုးဦးမျက်နှာကိုကြည့်ကာ ပြောလိုက်သည်။"ဘယ်သာယာနိုင်ပါ့မလဲ...ဝသန်က အိမ်ထောင်
ဖက်တွေ့ပြီးပြီဆို..."နေမျိုးဦး စီးကရက်ကို မီးသတ်ပြီး ပြာခွက်ထဲ
ထည့်လိုက်ရင်းကမေးတော့ ချိုချိုဝေ့ရဲ့မျက်နှာ
က မဲ့သွားပြီး"ဟုတ်တယ်...အဲ့ကိစ္စနဲ့ပက်သက်ပြီး ချိုတို့သားအမိ
အရှက်ရခဲ့ရသေးတယ်...အဲ့ဟာမက အရမ်းမာန်
တက်နေတာ...သူ့ကိုလိုချင်လွန်းလို့များ ဟိုဘက်
က ကမ်းလှမ်းတယ်ထင်နေလားမသိဘူး...သူသာ
ပိုက်ဆံမရှိပဲ လမ်းဘေးရောက်သွားကြည့်ပါလား
သူ့လိုအချိုးမျိုးနဲ့ ဘယ်သူကမှ ကြိုက်မှာမဟုတ်
ဘူး...ခြေတော်တင်တဲ့အဆင့်လောက်ပဲထားမှာ.."

YOU ARE READING
My Sugar Lady Is A Little Crazy
Romanceပုထုဇနော ဥမ္မာတကောတဲ့။ ပုထုဇဥ်တိုင်းက တစ်နည်းမဟုတ်တစ်နည်း ရူးနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မရဲ့ ပုထုဇဥ်လှလှလေး ရူးပုံရူးနည်းကတော့ အရမ်းချစ်ဖို့ကောင်းတယ်။