"မြဲ...မ ရှင်းပြပါရစေ..."
ဝသန် ကိတ်ရဲ့နောက်ကို အပြေးလေးလိုက်လာပြီး
ရှင်းပြဖို့ကြိုးစားသည်။
ကိတ်က နောက်ကိုပြန်လှည့်လာပြီးနောက်"အိမ်ကိုအရင်ပြန်ရအောင် "
သူ ဒီနေရာမှာ ပြဿနာမတက်ချင်။ ဖြစ်နိုင်လျှင်
သူ ဒီနေရာကနေ အဝေးဆုံးကို ထွက်ပြေးသွားလိုက်
ချင်သည်။ ဒါပေမယ့် မကို ဒီနေရာမှာထားခဲ့လို့မဖြစ်။စိတ်ခံစားချက် မတည်ငြိမ်နေသည့်အချိန်
တစ်ယောက်တည်း ကားပေးမမောင်းတာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။"ကားပေါ်တက်"
ဝသန် ကိတ်ပြောသလို ကားပေါ် မြန်မြန်တက်လိုက်
သည်။
ကားမောင်းလာသည့်လမ်းတလျှောက် ရင်ထဲမှာ
စိုးတထိတ်ထိတ် ဖြစ်နေလေသည်။
ကိတ်ရဲ့မျက်နှာကို ခဏခဏလှည့်ကြည့်ကာ ဝသန်
အတွေးများနေသည်။အိမ်ပြန်ရောက်ရောက်ချင်း တံခါးပြန်ပိတ်ပြီးသည်
နှင့် ဝသန် ကိတ်ကိုရှင်းပြဖို့ ကြိုးစားသည်။သို့သော် ကိတ်က ဝသန့်ကို ရှင်းပြခွင့်မပေး။
ဝသန့်ကို ခပ်ကြမ်းကြမ်းအနမ်းတွေပေးပြီး စတင်
တိုက်ခိုက်လာတော့သည်။ကိတ် ရင်ထဲကပြောချင်နေသည့် ပေါက်ကွဲပစ်ချင်
နေသည့် စကားလုံးတွေကို ခပ်ကြမ်းကြမ်းအနမ်း
တွေအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ဘာကြောင့်လဲဆိုတော့ ဒီပြဿနာအားလုံးရဲ့အစက
အနမ်းတစ်ခုကနေ စတင်ခဲ့တာမဟုတ်လား။သူ့ရဲ့ချစ်သူကို စကားလုံးတွေနှင့်လဲ ထိုးနှက်
မတိုက်ခိုက်ချင်ပါ။
သူတို့မိသားစု အနှစ်နှစ်အလလ စုဆောင်း၍
ဝယ်ခဲ့ရသည့် အိမ်လေး ဖျက်စီးခံလိုက်ရတာ။
သူ့အနာဂတ်အိပ်မက်တွေ ပျက်စီးသွားခဲ့ရတာ။
ကျောင်းပြီးအောင် ဆက်မတက်နိုင်ခဲ့တာ။
သူတို့ဘယ်လောက်ပဲ ဒုက္ခတွေရောက်ခဲ့ပါစေ
သူ့ချစ်သူကို အပြစ်မဆိုရက်။
ဘာကြောင့်လဲဆိုတော့ သူအားလုံးကို နားလည်၍
ဖြစ်သည်။
သူမ ဘာလို့ အခုလို လုပ်ခဲ့သလဲ။
ဒါဟာ အတိတ်ကအမှားတစ်ခုလို့ပဲ သူ ယူဆသည်။
သို့ပေမယ့်...သို့ပေမယ့်...ကိတ် ချစ်ရသူကို ဒီထက်
ပို၍ ရင့်ကျက်လာစေချင်သည်။
နောက်ထပ် ဒီလိုလုပ်ရပ်မျိုးတွေ ထပ်မလုပ်စေချင်
တော့။
ဘယ်သူ့အပေါ်မှ အငြှိိုးအတေးတွေ မထားစေချင်
တော့ပေ။

YOU ARE READING
My Sugar Lady Is A Little Crazy
Romanceပုထုဇနော ဥမ္မာတကောတဲ့။ ပုထုဇဥ်တိုင်းက တစ်နည်းမဟုတ်တစ်နည်း ရူးနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မရဲ့ ပုထုဇဥ်လှလှလေး ရူးပုံရူးနည်းကတော့ အရမ်းချစ်ဖို့ကောင်းတယ်။