Sugar Lady -8

2.1K 199 3
                                    

ဒီမနက် စံအိမ်ရဲ့ အရှင်သခင်မဆီက နေ့လည်စာ
အတွက် စားချင်တဲ့ မီနူးထုတ်ပြန်လာသည်။
ထိုမီနူးကြောင့် စားဖိုဆောင်ထဲက တခြားလူတွေတော့ဘယ်လိုနေသလဲမသိ။
ကိတ်ကတော့ ဟင်းနာမည်ကြားပြီး ဦးနှောက်ခြောက်ကိန်း စိုက်နေချေပြီ။

"ငါးမန်းတောင်ဟင်းချိုတဲ့ဟေ့..."

"မမလေးကတော့ လုပ်ပြန်ပြီ
အရင်တစ်ခေါက်ကလဲ ရေဘဝဲဦးနှောက်ဟင်းချို
တဲ့..အခုလဲလာပြန်ပြီ ငါးမန်းတောင်ဟင်းချိုတဲ့..
ရေသတ္တဝါဆို ပုစွန်နဲ့ဂဏန်းပဲစားတာ ငါးဆို
ဘာငါးမှမစားတဲ့သူက ငါးမန်တောင်ကို ဘာလုပ်ဖို့
လဲ..."

"ပေါက်ကရဟင်းတွေမချက်ခိုင်းရင် မမလေးက ပို
ချစ်ဖို့ကောင်းပါတယ်...အခုတော့ ငါးမန်းအတောင်
ရှာဖို့သွားကြတာပေါ့..."

စျေးဝယ်တာဝန်ကျသည့် ကောင်မလေးနှစ်ယောက်
စျေးဝယ်ဖို့ထွက်သွားကြသည်။
အေးအေးဆေးဆေးထွက်သွားကြတဲ့ စျေးဝယ်သူ
တွေကိုကြည့်ကာ ကိတ် ချက်ဖို့ပြုတ်ဖို့အသီးရွက်
တွေ ရေဆေးပြီး လှီးလိုက်သည်။
နေပါဦး..။ သူတို့ကာ အဲ့ငါးမန်းအတောင်ကို
ဘယ်မှာသွားရှာကြမှာပါလိမ့်။

.........

ငါးမန်းအတောင်သွားရှာသူတွေ ပြန်ရောက်လာချိန်
ကခန့်မှန်းထားသည့်အချိန်ထက် ပိုမြန်နေတာ
ကြောင့် ကိတ် အံ့သြနေသည်။

"ငါးမန်းတောင် ရပါပြီ"

ငါးမန်းတောင်ဆိုလို့ကြည့်လိုက်တာ ရေခဲပုံးထဲပါ
လာသည်က နှုတ်ခမ်းမွှေးကားကားနှင့် ငါးခူကြီး
ဖြစ်နေသည်။
ကိတ် ကောင်မလေးတွေကို ပြန်မော့ကြည့်လိုက်ပြီး

"ငါးခူကြီးမဟုတ်လား"

"ငါးမန်းလို့မြင်ကြည့်လိုက်ရင် ငါးမန်းပါပဲ"

ကောင်မလေးက စကားကိုဆက်မပြောသေးပဲ
ကိတ်ရဲ့နားနားသို့ ကပ်၍

"ကိစ္စမရှိပါဘူး မမလေးက တမင်သက်သက်
ပါးစပ်ထဲရှိရာတွေလျှောက်ချက်ခိုင်းတတ်တာ
တစ်ခါတလေကျတော့လဲ အဆင်ပြေအောင်
ချက်ပေးရတာပေါ့...ပြီးတော့လဲ စားချင်မှစားတာ
သူကပျင်းရင် အဲ့လိုတွေလုပ်တတ်တယ်လေ...
တစ်ခါတလေတော့လဲ သူချက်ခိုင်းတဲ့ဟင်းကို
မေ့သွားတာမျိုးလဲရှိတတ်တယ်..."

My Sugar Lady Is A Little CrazyWhere stories live. Discover now