"မမလေး.."
စံအိမ်ထဲကထွက်လာတဲ့ ဝသန် ။ သူမရှေ့မှာ ပိတ်ရပ်
လိုက်တဲ့ ကိတ်ကြောင့် ခြေလှမ်းတွေ တုန့်ခနဲဖြစ်သွားသည်။ကိတ် ဒီနေ့မနက် အစောကြီးကတည်းက ဝသန့်ကို
စောင့်နေတာ။
ဝသန်က ကိတ်ကို မျက်စောင်းတစ်ချက်ထိုးပြီး
ကားဂိုဒေါင်ဘက်ထွက်သွားသည်။ကိတ် ဝသန့်နောက်ကနေလိုက်သွားသည်။
"ကျွန်မ ရှင်းပြပါရစေ"
ဝသန် သူ့ကိုဘာမှပြန်မပြောပဲ ကားတံခါးကို ရီမုဒ်
နှင့်လှမ်းဖွင့်လိုက်သည်။
ကိတ်က သူမဘေးကိုလိုက်သွားပြီး ရပ်နေသည်။
ဝသန့်ဆီက ဘာစကားမှထွက်မလာတော့ သူ
ဘာစကားမှဆက်မပြောရဲ။ဝသန်က ကားထဲဝင်လိုက်ပြီး တံခါးပိတ်ခါနီး
ကိတ်ကိုမော့ကြည့်ကာ"ဘာလုပ်နေတာလဲ ကားထဲဝင်လေ"
"ဟင်..ဟုတ်...ဟုတ်ကဲ့..."
ကိတ် ကားရှေ့ကနေ အပြေးလေးပတ်ကာ ကားထဲ
ဝင်လိုက်သည်။
သူကားထဲရောက်သည်နှင့် ဝသန်က ကားကိုဂိုဒေါင်
ထဲကမောင်းထွက်လိုက်သည်။မနက်စာစားသည့်ဆိုင်ကိုရောက်သည်အထိ ဝသန်က
ဘာစကားမှမပြော။
ကိတ်လဲ ငြိမ်ငြိမ်လေးသာ နေနေလိုက်သည်။
ဝသန်က မနက်စာကို သူစားချင်တာ မှာပြီးနောက်
ကိတ်ကိုတစ်ချက်လှည့်ကြည့်ကာ"ဘာစားမှာလဲ မှာလေ"
ကိတ်က ကော်ဖီတစ်ခွက်ပဲမှာလိုက်တော့ ဝသန်က
သူ့ရဲ့မျက်နှာချင်းဆိုင်မှာ လက်ပိုက်ခြေချိတ်၍
ထိုင်နေရာမှ မျက်ခုံးတွေတွန့်ချိုးသွားပြီး မီနူး
စာအုပ်ကိုကောက်ယူကာ လှန်လှောကြည့်လိုက်ပြီး"ကော်ဖီတစ်ခွက်နဲ့ဘယ်လိုဗိုက်ဝမှာလဲ sandwich
တစ်ပွဲ ထပ်ထည့်လိုက်"စားပွဲထိုးလေးက ဟိုကြည့်ဒီကြည့်နှင့် ခေါင်းညိတ်
ကာ မှာထားတာတွေကို ရေးမှတ်ပြီး အနားက
ထွက်သွားသည်။မမလေးက ဒီဆိုင်မှာ စားနေကျ။ ဒီဆိုင်ကဝန်ထမ်း
တွေလဲ မမလေးအထာကိုနပ်နေကြပြီ။ တစ်ခါသုံး
ပန်းကန်တွေဇွန်းတွေကို အသုံးပြုပေးသည်။
တခြားဝိုင်းကလူတွေက သူတို့ဝိုင်းကိုလှမ်းကြည့်
ကာ အချင်းချင်းမျက်စပစ်ပြကြသည်။

YOU ARE READING
My Sugar Lady Is A Little Crazy
Romanceပုထုဇနော ဥမ္မာတကောတဲ့။ ပုထုဇဥ်တိုင်းက တစ်နည်းမဟုတ်တစ်နည်း ရူးနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မရဲ့ ပုထုဇဥ်လှလှလေး ရူးပုံရူးနည်းကတော့ အရမ်းချစ်ဖို့ကောင်းတယ်။