"နင်တို့မှာ မိသားစုဝင်ဘယ်နှစ်ယောက်ရှိလဲ"
ကိတ် အဝတ်တွေ မီးပူတိုက်နေရင်းနှင့် ဝသန့်ကို
မော့ကြည့်လိုက်သည်။
ဝသန်က ခေါင်းအုံးကို ကုတင်ခေါင်းရင်းမှာ မှီ၍
ထောင်လိုက်ပြီး ခေါင်းအုံးကိုကျောမှီထိုင်ကာ
ကိတ်ရဲ့အဖြေကို စောင့်နေသည်။"အရင်ကတော့ ရှစ်ယောက်..အခုတော့ တဖြည်း
ဖြည်း ပွားလာပြီလေ..အများကြီးပေါ့..""အများကြီးတောင်..ဟုတ်လား.."
"အင်း...အစ်မတို့မိသားစုက လေးယောက်..
အစ်ကိုတို့မိသားစုက လေးယောက်... ကျွန်မတို့
အိမ်မှာက ခြောက်ယောက်...""ဟင်...အများကြီးပဲ...ဘယ်လိုနေကြလဲ...
တည့်ကောတည့်ကြလား...""တည့်အောင်နေရင်တည့်တာပေါ့ မမလေးရဲ့..."
"ငါတို့တော့ သားအဖနှစ်ယောက်တည်းရှိတာတောင်
မတည့်ဘူး..."ဝသန့်စကားကြောင့် သူ ပြုံးမိသွားသည်။
မီးပူတိုက်ပြီးသားအဝတ်ကို ရှေ့မှာချလိုက်ပြီး
နောက်တစ်ထည်ဆက်တိုက်ဖို့ လှမ်းယူလိုက်သည်။"မမလေးကော ကျွန်မတို့မိသားစုဝင် ဖြစ်ချင်လား"
"မဖြစ်ချင်ပါဘူး.."
ကိတ် မီးပူကိုအပူချိန်လျှော့လိုက်ပြီး ပလပ်ဖြုတ်
လိုက်သည်။
ထို့နောက် ကုတင်ဆီသို့ သွားလိုက်ပြီး ကုတင်စောင်း
မှာ တင်ပလွှဲထိုင်လိုက်ကာ"မိသားစုဝင်ဖြစ်ချင်လို့ မေးတယ်ထင်နေတာ"
"မောင်နှမ ဘယ်နှစ်ယောက်ရှိလဲ"
"လေးယောက်..."
"နင် အငယ်ဆုံးလား.."
"ဟင့်အင်း...အောက်မှာ မောင်တစ်ယောက်ရှိသေး
တယ်..""ဟင်..သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး"
"သူက ဆယ်တန်းလေ...ဘော်ဒါဆောင်ပို့ထားတယ်
အဲ့ဒါကြောင့် မတွေ့ဖူးသေးတာ...""သြော်..."
"ဘာသိချင်သေးလဲ..."
"နင်...အရင်က ရည်းစားထားဖူးလား"
ဒီတစ်ခါတော့ ကိတ်က ချက်ချင်းပြန်မဖြေ။
ဝသန့်ရဲ့မျက်နှာကို တစ်ချက် အကဲခတ်သလို
ကြည့်လိုက်သည်။ ဝသန်က ကိတ်ကို ရုပ်တည်တည်
နှင့်ကြည့်နေလေသည်။

YOU ARE READING
My Sugar Lady Is A Little Crazy
Romanceပုထုဇနော ဥမ္မာတကောတဲ့။ ပုထုဇဥ်တိုင်းက တစ်နည်းမဟုတ်တစ်နည်း ရူးနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မရဲ့ ပုထုဇဥ်လှလှလေး ရူးပုံရူးနည်းကတော့ အရမ်းချစ်ဖို့ကောင်းတယ်။