Chapter 2: အန္တရာယ်အချက်ပြခြင်း

8 0 0
                                    

🧤🍺Unicode

ဂျောင်ထယ်အွီးကိုယ်တိုင်ဗိုက်ဆာနေပေမယ့်လည်း အိမ်ကိုလာတဲ့ ဧည့်သည်ကိုတော့
ထမင်းမဖိတ်ကျွေးပဲမ‌နေနိုင်ပါဘူးလေ၊
ပျော်စရာကောင်းမနေပေမယ့်လည်းပေါ့။
သူ့မှာအစာစားချင်စိတ်မရှိတော့ပေမယ့်
ဦးလေးနဲ့ မျက်နှာချင်းဆိုင် ထမင်းစားပွဲမှာ
ထိုင်နေမိတယ်။

"ဒါကို ချွေတာတဲ့အစားစာလို့ ခေါ်တာလား?"

စားပွဲပေါ်ကထမင်းတစ်ပန်းကန်၊ရေညှိဟင်းရည်တစ်ခွက်နဲ့ အရံဟင်းနှစ်ပွဲသုံးပွဲကို
မြင်တော့ ဦးလေးကရယ်တယ်။

"အလုပ်မရှိတဲ့လူငယ်လေးဆီက ဘာကို
မျှော်လင့်နေတာတုန်း ဦးလေး?
ဦးလေးရဲ့ စစ်တပ်ထဲမှာတော့ အရသာ
ကောင်းကောင်းနဲ့ ရှိမှာပေါ့"

"ဒါပေါ့,ပြင်းပြင်းထန်ထန်လေ့ကျင့်ရပြီး
အစားသောက်တွေက စိတ်ကျေနပ်မှုမပေးရင်
အတွင်းရေးမှာ သောင်းကျန်းကြကုန်လိမ့်မယ်လေ၊ဒါပေမယ့် အဲ့နေရာက စစ်တပ်ရယ်
တော့လည်း မဟုတ်ဘူး"

"ဟုတ်တယ်၊ ဒါပေမယ့် စစ်တပ်နဲ့
တအားကြီး မကွာဘူး‌လို့တော့ ကြားတယ်
ကိုယ့်ကိုကိုယ် အားကိုးတာက စစ်တပ်ထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရှိတယ်ဆိုတာပါပဲ"

"ဒါတောင်မှ လူတွေက အဲဒီကိုဝင်ဖို့ ကမ္ဘာတစ်ဖက်ခြမ်းလောက်ထိ တန်းစီပြီး စိတ်အားထက်သန်နေကြတာ၊နာမည်ကလည်းအရမ်းကောင်းတယ်လေ,ကုလသမဂ္ဂလူ့စွမ်းအားအရင်းအမြစ်လေ့ကျင့်ရေးအဖွဲ့ - UNHRDO"

"အဲ့လောက်ရှည်တဲ့ နာမည်ကို မှတ်မိနိုင်မှာ
မဟုတ်ပါဘူး"

ဦးလေးက စားရင်းနဲ့ပြောနေတယ်။

"ဒီလိုချွေချွေတာတာစာကို မစားရတာတောင်
တော်တော်ကြာပြီ၊အရသာကတော့ ရှယ်ပဲ"

ဦးလေးကစာတစ်ကြောင်းထဲမှာ
ချီးလည်းကျူး ညည်းတွားနေတာမို့ ဂျောင်ထယ်အွီးလည်း သက်ပြင်းသာချလိုက်ပြီး
သူ့ဇွန်းကို ကောက်ကိုင်လိုက်တယ်။
ဂျောင်ထယ်အွီးကဘာမှထပ်ပြီး မစားချင်တော့ပေမယ့်လည်း သူမပြီးခင် ထမင်းနည်းနည်းလောက်တော့ သူစားမှဖြစ်မယ်။

ဂျောင်ထယ်အွီး တစ်ယောက် ဟင်းရည်သောက်နေတုန်း ‌သူ့ရှေ့က တူနှစ်ချောင်း
လှုပ်ရှားနေတာကို အကြည့်ရောက်မိတယ်။
သူအရင်ကတည်းတွေးဖြစ်နေတာ ဦးလေးလည်း အစ်ကို့လိုပဲ တူကိုင်တာ အရမ်းကို
လှတယ်။

Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]Where stories live. Discover now