Chapter 7: ကြိုဆိုပွဲ

8 0 0
                                    

🧤🍺 Unicode

ဂျောင်ထယ်အွီးက ဒီအိုအေစစ်မှာ သင့်လျော်တဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတစ်ခု ရှိမရှိ လျှို့ဝှက်စွာ တွေးတောနေခဲ့တယ်။

သူသက်ပြင်းချလိုက်ပြီး လက်တစ်ဖက်ကို သူ့ကုတ်အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်တယ်။ သူ့အိတ်ကပ်ထဲကို ရောက်သွားချိန်မှာ အနားကိုလာ‌နေတဲ့လူက နည်းနည်းနှေးကွေးသွားပြီး သတိအနေနဲ့ မျက်တောင်ခတ်လိုက်တယ်။

"မင်း သူရဲဘောကြောင်တဲ့လှည့်ကွက်တွေ
သုံးပြီးသွားပြီကို အခု လက်နက်တွေသုံးဖို့ တောင်ကြံစီ‌နေတာလားကွ?"

ထိုလူက မိုးကြိုးသဖွယ် ဟောက်တယ်။ ဘယ်လိုပဲဆိုဆို ဂျောင်ထယ်အွီး သူ့ဆီကို ချဉ်းကပ်ဖို့ အေးအေးဆေးဆေးပဲ လျှောက်လာခဲ့တယ်။ခဏအကြာတော့ အဲ့လူက အနည်းငယ် တုံ့ဆိုင်းသွားတယ်။

အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပြီး ဂျောင်
ထယ်အွီးက အဲ့လူရဲ့ ကော်လာကို ဆုပ်ကိုင်လိုက်ကာ လက်ကို ပြန်ပြောင်းပြီး သူ့ဘက်ကို လွှဲလိုက်တယ်။အဲ့လက်သီးချက်နဲ့ တစ်ချိန်တည်းနီးပါးမှာ ဂျောင်ထယ်အွီးက သူ့အင်္ကျီအိတ်ကပ်ထဲကို သူ့လက်ထည့်ကာ အဲ့တိုက်ခိုက်မှုကို ဆက်လက်ရှောင်တိမ်းနေလိုက်ပြီးနောက် ခုနတုန်းက သူ့ကို ကာလို
လုပ်ခဲ့တဲ့အတိုင်း သူ့ခြေထောက်ကိုချိတ်လိုက်ကာ ဗိုက်ကို ထိုးနှက်လိုက်ပြီး အဲ့လူကို
အလင်းလိုအလျင်နဲ့ အလဲထိုးချလိုက်တယ်။

အဲ့လူရဲ့ရင်ဘတ်ကို ဒူးနဲ့ဖိလိုက်တော့ ပတ်ဝန်းကျင်က ထူးထူးခြားခြားနဲ့ တိတ်ဆိတ်သွားတယ်။အရင်ကနဲ့ မတူတဲ့ ရန်လိုတဲ့ အကြည့်တွေ ထွက်လာတာကို သူ ခံစားရတယ်။

Ugh,ဆယ်ကြိမ်မှာ ကိုးကြိမ်ပဲ၊ သူ အုပ်စုဖွဲ့ ရိုက်နှက်တာခံရတော့မယ်။

ဂျောင်ထယ်အွီး သက်ပြင်းချလိုက်တယ်။
အဲ့လူက သူ့ကို စိုက်ကြည့်နေတယ်။

"မင်းငါ့ကို အာရုံပြောင်းဖို့ မင်းရဲ့ သူရဲဘောကြောင်တဲ့လက်နက်ကို ဆွဲထုတ်တာမဟုတ်ရင် အခုအခြေအနေက ပြောင်း‌
နေလိမ့်မယ်"

"သိပါတယ်"

အရှုံးသမားရဲ့ အကြောင်းပြချက်လို မြင်နိုင်ပေမယ့်လည်း ဂျောင်ထယ်အွီး သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့စကားတွေကို ပြန်မျိုချလိုက်တယ်။

Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]Where stories live. Discover now