Chapter 9: သူ-ဘယ်သူလဲ-ဆိုတာ-လူတိုင်း-သိသော-သူ

5 0 0
                                    

🧤🍺 Unicode

ဂျောင်ထယ်အွီး လက်ရှိအခြေအနေကို အကြမ်းဖျင်း တွေးကြည့်နိုင်တယ်။ဒီနေရာမှာထိုင်နေတဲ့ လူတိုင်းရဲ့ရန်သူဖြစ်တဲ့ ဥရောပဌာနခွဲက အမျိုးသားတစ်ဦး ရှိပုံရတယ်။
ဒါ‌ပေမယ့် ဒီကိစ္စရဲ့ အရင်းအမြစ်က အဲ့အမျိုးသားကို ကိုင်တွယ်ဖြေရှင်းပြီး ဖြုတ်ချဖို့ မလွယ်ကူတာပဲဖြစ်တယ်။

“စကားမစပ်, အဲ့ ‘‌ခွေးကောင်’ ထိလိုက်တဲ့လူတွေအားလုံးက ဒီအဖွဲ့ရဲ့ အဖွဲ့သားတွေလား?”

ဂျောင်ထယ်အွီးက စိတ်ဝင်တစား မေးလိုက်တယ်။ကြည့်ရတာ စုစုပေါင်းအဖွဲ့ဝင် ကိုးဆယ့်ခြောက်ဦးကို လူ ဆယ့်ခြောက်ဦးစီနဲ့ အဖွဲ့ခြောက်ဖွဲ့ခွဲထားပုံရတယ်။အဖွဲ့တစ်ဖွဲ့စီမှာ နည်းပြအရာရှိ ခြောက်ဦးစီက တာဝန်ယူကြလိမ့်မယ်။

Hmm...... လွတ်နေတဲ့ အုပ်ချုပ်ရေးမှူးရဲ့ ထိုင်ခုံကို အုပ်စုကွဲတွေ ဝိုင်းလုနေကြတယ်လို့ ကြားတယ်။ဥရောပဌာနခွဲကို မဆွေးနွေးခင် သူတို့က အတွင်းရေးမှာ သုံးခုနဲ့ ဆန့်ကျင်ဘက် သုံးခုကို ခွဲထားပြီးပြီဖြစ်တယ်။

........ဒါဆို အခု သူတို့အားလုံးမှာ ဘုံရန်သူ ရှိနေပြီလေ။အချင်းချင်းရင်ဆိုင်ဖို့ ဆယ့်ငါးရက်ပဲကျန်တော့တာမို့ စည်းလုံးညီညွတ်ပြီး ဘုံရန်သူကို အရင်ရင်ဆိုင်ရမှာ မဟုတ်လား?

“အဲ့လိုမဟုတ်ဘူး၊ အဲဒီကောင်က အဖွဲ့ဝင်တိုင်းက ဘယ်ဘက်က ပိုင်တယ်ဆိုတာသိတော့ သူကရွေးပြီး ပစ်မှတ်ထားလိမ့်မယ်၊ဒီကောင်က ငါတို့ဘက်က လူအနည်းငယ်ကို ကြုံသလို ဆွဲပြီး နောက်မှ ဖြစ်တဲ့ဟာကို သဘောကျတာလေ,အဲ့ခွေးကောင်!”

အယ်လ်တာက စကားကို တည်ငြိမ်စွာ စခဲ့ပေမယ့် ဒေါသတကြီး အော်ဟစ်ကာ အဆုံးသတ်ခဲ့တယ်။

အဲ့လေထုကြောင့် ဂျောင်ထယ်အွီးက  ဆန့်ကျင်ဘက်ကို တိုတိုတိတ်တိတ်‌လေး
မှီရင်း ရှောင်လိုက်တယ်။ဒါပေမယ့် အဆိုးကနေ ပိုဆိုးသွားပြီး သူ့ဘေးကလူက ဒေါသတကြီးနဲ့ အော်တယ်။

“နောက်ဆုံးတော့, အဲ့လိုရူးနေတဲ့လူက
UNHRDO ထဲကို ဘယ်လိုတောင်ဝင်
လာတာလဲ?!! ငါဆို ကိုယ်ရည်ကိုယ်သွေးစစ်ဆေးတာ နှစ်နာရီလောက် ဆက်တိုက်
ဖြေခဲ့ရတာလေ?!”

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]Where stories live. Discover now