🧤🍺Unicode
သင်္ဘောကျင်းက ထွက်ခွာပြီး ကျွန်းကိုရောက်ဖို့ တစ်နာရီလောက် ကြာပုံရတယ်။
ဝေးလံခေါင်ပါးတဲ့ကျွန်းဖြစ်ပြီး ဌာနခွဲရုံးတစ်ခုတည်းပဲရှိတာကြောင့် အဲ့နေရာက ရှေးကျပြီး လူသူကင်းမဲ့နေပါပဲလို့ သူထင်မိတယ်။
ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင် ကြီးမားတာကြောင့် ကျွန်းရဲ့ဆိပ်ခံတံတားကနေ ဘတ်စ်ကားပြန်စီးရပြီး ကမ်းခြေတစ်လျှောက် အဝေးကြီးမောင်းလာခဲ့ရတယ်။နေဝင်နေပြီမို့ ကျွန်းပေါ်ကသစ်တောတွေက ပိုမှောင်လာပြီး ထူးထူးဆန်းဆန်း အုံ့ဆိုင်းလာတယ်။
“ဒီမှာ တောရိုင်းတိရိစ္ဆာန်တွေ ဒါမှမဟုတ် အဆိပ်ရှိတဲ့ မြွေတွေ ပေါ်လာခဲ့ရင်တောင် ထူးဆန်းနေတော့မှာ မဟုတ်ဘူး”
ဂျောင်ထယ်အွီး တိုးတိုးလေးပြောတော့
သူ့ဦးလေးက အေးအေးဆေးဆေး ခေါင်းညိတ်တယ်။“အဆိပ်ပြင်းတဲ့ မြွေတွေ အများကြီးရှိတယ်၊ အဲ့ဒါကြောင့် ညဘက်ဆို မင်းခြေထောက်အောက်မှာ သေချာသတိထားမှရမယ်၊ ––
ဒါပေမယ့် ဘာမှစိုးရိမ်စရာမရှိပါဘူး၊ လူတစ်ယောက်ကို ချက်ခြင်းသတ်ဖို့ လုံလောက်တဲ့ အဆိပ်အမျိုးအစားတော့ မရှိဘူးမို့ အချိန်မှီ ရှေးဦးသူနာပြုစုနိုင်ရင် မင်းသေမှာ မဟုတ်ဘူး”ဂျောင်ထယ်အွီးက ဦးလေးကို ပြောစရာစကားပျောက်ရှစွာ ကြည့်နေတယ်။ ချန်းအင်းက တော့ သူ့ကို ထပ်ပြီး စိတ်မပူဖို့ အာမခံနေလျက်။
ကြည့်ရတာ သူတကယ်နေရာအမှားကို
လာခဲ့မိပြီပဲ။တစ်နှစ်ခွဲဆိုရင်တောင်
လူတစ်ယောက် မတရားသေဆုံးဖို့ရာ အချိန်လုံလောက်နေပြီ။ဘယ်လိုကိစ္စဆိုဆို သူကတော့ လာမယ့် ပိတ်ရက်အထိ စောင့်ပြီး ဟောင်ကောင်ကျွန်းကို ထွက်ပြေးလိုက်မှာပဲ
ဖြစ်တယ်။ဒါပေမယ့် ချန်းအင်းက ချက်ချင်းပဲ သူ့ကို အနိုင်ယူလိုက်တယ်။“အာ,ဟုတ်သားပဲ၊တစ်လကျော်ကြာရင် ဘယ်သူမှ အပြင်ထွက်လို့မရတော့ဘူး၊
ဆယ့်ငါးရက်မှာ ဥရောပဌာနခွဲနဲ့ ပူးပေါင်းလေ့ကျင့်ရေး စလိမ့်မယ်၊ဆယ့်ငါးရက်အတွင်း,အဲ့ဒါမတိုင်ခင် အထူးလေ့ကျင့်ရေးကာလမလို့ အပြင်ထွက်ခွင့်ကို တားမြစ်ထားတယ်၊ပြီးတော့ အထွေထွေလေ့ကျင့်ရေးကာလမှာလည်း အပြင်ထွက်ခွင့် ပိတ်ထားခံရမှာမို့…တစ်လက မြန်မြန်ကုန်သွားမှာပဲ၊ ဒီကာလထဲမှာ မင်းအချိန်မှီ နေသားကျဖို့ မျှော်လင့်ပါတယ်”
YOU ARE READING
Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]
ActionName-패션 Author-유우지 Status- completed -Respectfully credits to the original creator. I'm honored to translate their story with respect for their work and creativity.