Chapter 1: နိဒါန်း

31 0 0
                                    

🧤🍺Unicode

လူခေါ်ခေါင်းလောင်းမြည်တာနဲ့ ရုတ်တရက်ဆိုသလို ဂျောင်ထယ်အွီး ရပ်တန့်သွားတယ်။
သူ့လက်ထဲက တူနဲ့ကိုင်ထားတဲ့ ပဲ့စေ့လေးက
လွတ်ကျသွားပြီး ပန်းကန်ပေါ်မှာ လှိမ့်နေခဲ့တယ်။

စက္ကန့်‌လောက်ပန်းကန်ပြားပေါ်ကလှိမ့်ပြီးနောက် စားပွဲခုံမှာ ပဲစေ့ရဲ့ စေးကပ်ကပ် အစင်းကြောင်းသာ ကျန်ခဲ့လေတယ်။
ထိုတစ်ချိန်ထဲမှာပဲ လူခေါ်ခေါင်းလောင်းက ထပ်ပြီး မြည်လာပြန်တယ်။

ဂျောင်ထယ်အွီးတစ်ယောက် တူကို စားပွဲပေါ် ညင်သာစွာချလိုက်ကာ တံခါးဆီကို သတိထားပြီး လှမ်းကြည့်လိုက်တယ်။
‌လှေကားပေါ်တက်လာတဲ့ တရေ့ရေ့ခြေလှမ်းသံတွေကြားကတည်းက သူမကောင်းတဲ့ ခံစားချက်တွေရနေပြီဖြစ်တယ်။

မဟုတ်ဘူး။အတိအကျပြောရရင် အိပ်ရာထကတည်းက ကတိကအောက်ဖြစ်နေခဲ့တာ။
ဘာလို့ဆို မိုးရွာတိုင်း သူ့ဒူးတွေ ကိုက်လာတာလေ။လေကြီးမိုးကြီးလာတိုင်း သူ့ဒူးတွေက
အော်ဟစ်နေသလိုပဲ။ဒါပေမယ့် ဒီနေ့လောက်
နာကျင်မနေဘူး။ဒါနိမတ်မကောင်းတာပဲ။

သူအခုမှ ရိုးရှင်းတဲ့မနက်စာပြင်ပြီး စိတ်အဆင်မပြေလို့ နည်းနည်းသောက်ထားတာ။
မိုးပြေးလေးရွာပြီး ဆိုးဝါးတဲ့ရာသီဥတုနဲ့ဘာမှ ကွဲပြားမနေခဲ့ဘူး။အပြင်ကလာနေတဲ့ ခြေသံတွေဟာ ပိုပြီးပြတ်သားလာတယ်။

လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်က ဆောက်ထားတဲ့ ‌အဆောင်အအိုကြီးဆိုတော့လည်း
ကြောင်‌ဝင်လာရင်တောင် ခေါင်မိုးထိပ်ထိ အကုန် ကြားနေရတယ်။

ခေါင်မိုးအောက်က သုံးထပ်ဆောင်၊
ဂျောင်ထယ်အွီးအိမ်ကို မနက်စောစော ခုနှစ်နာရီမှာ တစ်စုံတစ်ယောက် ရောက်လာခဲ့တယ်။လှေကားပေါ်တက်လာတဲ့ ခြေသံတွေကြားကတည်းက သူမကောင်းတဲ့ ခံစားချက်ရနေခဲ့တာ။

လူခေါ်ခေါင်းလောင်းမြည်တဲ့ချိန် အဲ့မကောင်းတဲ့နိမိတ် တကယ်ဖြစ်လာတော့တာပဲ။

သူ့အိမ်လာတဲ့သူဆိုတာ တစ်ယောက်တောင်မရှိသလောက်ပဲ။သူနဲ့နေတဲ့တစ်ဦးတည်းသောလူက သူ့အစ်ကိုပဲ၊ ဒါပေမယ့် အစ်ကို
အိမ်ကထွက်သွားတာ လေးရက်ရှိပြီလေ။
သူလာရင်တောင် တံခါး‌ကခေါင်းလောင်းတီးမှာ မဟုတ်ဘူး။သူ့မှာ အိမ်သော့ရှိပြီးသား။

Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]Where stories live. Discover now