Chapter 8: အဲ့လူက ဘယ်သူလဲ?

4 0 0
                                    

🧤🍺 Unicode

ဂျောင်ထယ်အွီး ခုနစ်ကြိမ် ဒါမှမဟုတ်
ရှစ်ကြိမ်ထိ ထိုးခံခဲ့ရတယ်။အဲ့ထဲက နှစ်ခုကနာလွန်းလို့ သူခဏလောက်တော့ စိတ်လွတ်သွားတယ်။သို့ပေမယ့်လည်း ကံကောင်းထောက်မစွာ၊ ဝါဂွမ်းလက်သီးလို ယူဆနိုင်တဲ့ လက်သီးချက်အချို့တွေလည်းရှိပြီး ကျန်တာတွေကတော့ အဲ့အချိန်က လေထုအတွက် အကြမ်းဖျင်းအားဖြင့် သင့်လျော်ပါတယ်။

သတိပြန်ရလာတဲ့အထိ အရိုက်ခံရပြီးနောက်
ဂျောင်ထယ်အွီးက သံသယဖြစ်နေရင်း အရက်သောက်ခဲ့တယ်။

“သရေစာတွေမရှိဘူးလား?”

“ခုနတုန်းက ယွမ်ဟို အမဲသားခြောက် သွားဝယ်နေပုံရတယ်၊ ငါသွားယူလိုက်မယ်”

“ဟုတ်တယ်, အဲ့ခွက်က အလွတ်ဖြစ်နေတာ
အဲ့ခွက်ကို ဖြည့်ဖို့ စလုပ်ရမယ်၊ မင်းက ဘာလို့ ငါ့ဘေးမှာ ထိုင်နေတာလဲ?”

“…….”

ဂျောင်ထယ်အွီး စစ်တပ်နဲ့ မတူတဲ့ တခြားခြားနားချက်ကို ရှာတွေ့ခဲ့တယ်....
သူ့ကို ထူးဆန်းတဲ့လူတစ်ယောက် ပေးထားတဲ့မြေပဲထုပ်ကို စေ့စေ့ကြည့်ရင်း ရေရွတ်လိုက်တယ်။

သူ့ကို လက်သီးနဲ့ထိုးကြပြီးနောက် သူတို့က ဘာမှမဖြစ်ခဲ့သလိုပဲ “အဖွဲ့ဝင်အသစ်ကို ကြိုဆိုဖို့ အပြင်ထွက်ပြီး နည်းနည်း သောက်ကြမလား ငါ့‌ကောင်တို့?” လို့ ပြောတယ်။ ဂျောင်ထယ်အွီးကို ရွှင်မြူးတဲ့ အပြုံးနဲ့ ဆွဲခေါ်လာတဲ့သူ‌တွေက သူ့ကို ရက်စက်စွာ ပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့ကြတဲ့သူတွေပဲဖြစ်တယ်။ ဂျောင်ထယ်အွီးလည်း ငြိမ်ငြိမ်လေးပဲထိုင်ကာ ဝိုင်သောက်ရင်း သူတို့ပေးထားတဲ့ သရေစာတွေကိုစားရုံသာတတ်နိုင်တယ်။

ဒီလူတွေကပဲ ထူးဆန်း‌နေတာလား၊ ဒီလူအုပ်စုကပဲ ထူးဆန်းတာလား၊ ဒီဌာနခွဲကပဲ ထူးဆန်းတာလား၊ UNHRDO တစ်ခုလုံးက ထူးဆန်းတာလား ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ ထူးဆန်းနေတာများလား?

“ဒီလိုအရက်သောက်နေလို့ရောရလို့လား?
အရက်မူးနေချိန် အရေးပေါ်ခေါ်ခံရရင်
ဘာလုပ်ရမလဲ?”

ဂျောင်ထယ်အွီးက မယုံသင်္ကာနဲ့ ပြောလိုက်တော့ ကျင်းကျောင် ဆိုတဲ့ အမျိုးသားက ချက်ချင်း ပုခုံးတွန့်ပြီး ပြုံးကာ ပြန်ပြောတယ်။

Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]Where stories live. Discover now