🧤🍺 Unicode
ဓာတ်လှေကား ရပ်တာနဲ့ ထုန်က ဝမ်းသာအားရ ပြုံးပြီး ဓာတ်လှေကားမှ ထွက်လာခဲ့တယ်။ ဂျောင်ထယ်အွီးလည်း ချက်ချင်းနောက်ကနေလိုက်လာခဲ့ပေမဲ့ ချက်ချင်းပဲ သူ တိတ်ဆိတ်သွားတယ်။
မြေအောက်ထပ် ငါးထပ်က သူ့ရှေ့က
စင်္ကြံရှည်ကြီးက ကော်ဇောဖြူနဲ့ အုပ်ထားတယ် ။ဒီနေရာက အရမ်းတိတ်ဆိတ်လွန်းလို့ခြေသံတစ်ချက် မကြားရတဲ့အပြင် ခုနတုန်းက မြေပြင်ပေါ်က စုတ်ပြတ်နေတဲ့ အဆောက်အဦးနဲ့လည်း တော်တော်လေး
ကွာတယ်။ဂျောင်ထယ်အွီးလည်း အပေါ်က စွန့်ပစ်ထားတဲ့ အိမ်ဟောင်းကြီးရဲ့ မြေအောက်ထပ်မှာ ဒီလို သန့်ရှင်းပြီး ခမ်းနားတဲ့ နေရာတစ်ခု ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး။
“ဘယ်လိုခံစားရလဲ? လန့်သွားပြီလား?”
ထုန်က တခြားတစ်ယောက်ဆီက ဒီလိုတုံ့ပြန်မှုမျိုးကို ပထမဆုံးမြင်ဖူးတာမဟုတ်သလို တောက်ပစွာပြုံးလိုက်တယ်။
“ဒီမြေအောက်ခန်းက စိုထိုင်းထိုင်းနဲ့ နေရာတိုင်းမှာ ကြွက်တွေ၊ ပိုးဟပ်တွေနဲ့ ပင့်ကူအိမ်တွေ ပြည့်နေမှာပဲလို့ တွေးနေခဲ့တာ
မဟုတ်လား?”သူအဲ့လောက်ထိ ကြောက်ဖို့ကောင်းအောင်
တွေးမထားပေမယ့် သူပြောတာလည်း လုံးဝမမှားပါဘူး။“ဒီအထပ်မှာ BOQ ရှိလား?”
(*BOQ=Bachelor Officer Quarters
လူတစ်ဦးစီအတွက် အရာရှိ/ပုဂ္ဂလိကကိုယ်ပိုင်အခန်းများအတွက် ရုံးချုပ်*)ဂျောင်ထယ်အွီး စင်္ကြံရှည်ကြီးမှာ ခြေလှမ်း
ကျဲကျဲဖြင့် လျှောက်နေတဲ့ ထုန်ရဲ့နောက်က လိုက်ရင်း တိတ်တဆိတ် သူ့ကို သဘောကျကာ အံ့ဩနေမိတယ်။သူက ခေါင်းလှည့်ကြည့်ပြီး သူမေးလာမှာကို သိပြီးသား
သဘောနဲ့ ပြုံးပြတယ်။“မင်း စစ်ဗိုလ်ဖြစ်ဖူးလား? ဘယ်ယူနစ်ထဲမှာလဲ?”
“…. …”
“ပြောစရာမရှိဘူးလား? ကောင်းပြီ၊ လူတိုင်းမှာ သူတို့မပြောချင်တဲ့အရာတွေလည်း
ရှိမှာပေါ့လေ၊ ဒီနေရာမှာက BOQ မဟုတ်ဘဲ အတွင်းခန်းလို့ ခေါ်တယ်၊လူသုံးယောက်
တစ်ခန်းစီ၊ ဒါပေမယ့် အလုပ်လုပ်ဖို့နဲ့ စာကြည့်ဖို့ကတော့ အောက်ထပ်မှာရှိတယ်
အဲ့မှာ အားကစားခန်းမ၊ စာကြည့်တိုက်နဲ့ ဘက်စုံသုံးခန်းတွေလည်း ရှိတယ်၊
အခြေခံအနေနဲ့ ဖျော်ဖြေရေးနေရာလည်း
အဲ့အထပ်မှာ ရှိတယ်။ အားလပ်ချိန်တွေမှာ ကစားတာ၊ စာအုပ်ဖတ်တာ ဒါမှမဟုတ် ရုပ်ရှင်ကြည့်ချင်တယ်ဆို အဲ့အောက်မှာ
သွားလို့ရတယ်”
YOU ARE READING
Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]
БоевикName-패션 Author-유우지 Status- completed -Respectfully credits to the original creator. I'm honored to translate their story with respect for their work and creativity.