Chapter 3: ကံကြမ္မာ

9 0 0
                                    

🧤🍺 Unicode

ဂျောင်ထယ်အွီးသက်ပြင်းချရင်း မေ့ပျောက်ထားတဲ့ မှတ်ဉာဏ်တွေပြန်ခေါ်နေမိတယ်။
လွန်ခဲ့တဲ့လေးလတုန်းက စစ်တပ်ထဲက
ထွက်လာခဲ့ပြီးနောက် အခုတော့ အလုပ်လက်မဲ့ လူငယ်လေးဖြစ်‌နေတာပေါ့။အေးလာတိုင်း သူ့ဒူးကစူးအောင့်ပြီး နာကျင်လာပေမယ့် သူ့ခြေထောက်ရော ခန္ဓာကိုယ်ပါ ပြန်ကောင်းလာကြပြီဆိုတော့ တစ်ခုခုအလုပ်လုပ်ဖို့ရာ ရှာမလို့‌တော့လုပ်ထားတယ်။

“အိုး ဒါပေါ့၊ ရုတ်တရက်ကြီး ကိုယ့်သားကို
ဘာလို့ လိုချင်ရတာလဲ?ကျွန်တော့်ကို ဘယ်နေရာပို့ဖို့လုပ်နေတာလဲ ဦးလေး?”

ဂျောင်ထယ်အွီးအမေးကိုကြားတော့ ချန်းအင်းက ပြုံးပြန်တယ်။

“ယောင်္ကျားလေးတွေက ဘယ်သူမဆို
ဖြစ်နိုင်တယ်လေ၊ ဘာပဲဖြစ်ဖြစ် ငါ့မှာလူတစ်ယောက်ယောက်တော့ လိုအပ်တယ်၊
သိပ်မကြာခင်တုန်းက ဥရောပရုံးခွဲက
လူတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့‌တော့
ငါတို့ဘက်ကလူအများကြီး ဆုံးရှုံးလိုက်ရတယ်‌လေ၊ဒါ့ကြောင့် လူ‌ဦးရေ ညီမျှအောင် လုပ်ဖို့လိုတာ‌ပေါ့”

“…..”

“….ဒါက ဆင်ခြေသက်သက်ပါပဲ၊ အမှန်က ငါ့မှာ ကံကောင်းတဲ့သူတစ်ယောက်လိုအပ်
နေတာ”

ဦးလေးကပြောနေရင်းခဏရပ်လိုက်တော့
ဂျောင်ထယ်အွီးလည်း ဘာဆက်ပြောမလဲဆိုတာ တိတ်တိတ်လေး စောင့်နေလိုက်တယ်။
လူဦးရေ ညီမျှအောင်လုပ်တယ်ဆိုတာ
ဆင်ခြေလို့ သူ့ကိုပြောစရာမလိုပါဘူး။
အဲ့နေရာက်ို ဝင်ရဖို့ တစ်စီတစ်တန်းကြီး
တန်းစီနေကြတဲ့ လူတွေကို ကြည့်ရုံနဲ့တင်
လူအရေအတွက်က ရိုးရိုးရှင်းရှင်းပဲမို့
အဲ့တာအတွက်နဲ့တင် ဒီကို လာစရာ
အကြောင်းမရှိဘူးလေ။ဘာပဲဖြစ်ဖြစ်
ကံကောင်းခြင်းအကြောင်းပြောကြကြေးဆို
ဂျောင်ထယ်အွီးကပိုပြီးတောင် မသင့်လျော်ဘူးဆိုတာ ဦးလေးက သိသင့်တယ်။

“တစ်နှစ်ခွဲအတွင်းမှာ ငါ့ရဲ့ဌာနခွဲက
အကြီးအကဲက အမေရိကမှာရှိတဲ့ ရုံးချုပ်ကို ပြောင်းရွှေ့လိမ့်မယ်၊ ဒီတော့ လက်ထောက်ဝန်ကြီး နှစ်ယောက်က အဲ့ရာထူးအတွက် လျှို့ဝှက်ပြီး ပြိုင်နေကြတယ်‌လေ။မူလက မဟာမိတ်ကြားမှာတောင် အုပ်စုကွဲနေတော့ ကိုယ့်အထက်လူကြီးက အုပ်ချုပ်ရေးမှူးအကြီးအကဲ ဖြစ်လာအောင် ကူညီရတာပေါ့။ တစ်နည်းအားဖြင့်ပြောရရင် လာမယ့်နှစ်ဝက်မှာ ဌာနခွဲတွင်းမှာပဲ ပြင်းထန်တဲ့တိုက်ပွဲတွေ
ရှိလာတော့မှာ၊စက်ဆုပ်စရာ လှည့်ကွက်တွေလည်း ပေါ်လာနိုင်တယ်။ဆိုတော့ ငါ့မှာ
အဆုံးထိ ရှင်သန်နိုင်တဲ့ ကံကောင်းတဲ့ လက်အောက်ငယ်သားတစ်ယောက်
လိုလာတယ်လေ”

Passion-패션 (ဘာသာပြန်) 🧤🍺[Vol-1]Where stories live. Discover now