16

2.6K 143 5
                                    

ဒီကိုရောက်ပြီးတပတ်ကျော်တဲ့နေ့ကစလို့ နေ့တိုင်းခြံစီးရိုးတံခါးမှာ ကျုးလစ်ပန်းအဖြူရောင်တပွင့် အမြဲရှိလို့နေတက်သည်..ဘယ်သူပေးလည်းသိနေတာကြောင့် Kim ဟာ ထိုပန်းလေးကိုဂရုမစိုက်ပဲ သူလုပ်စရာရှိတာလုပ်နေတက်သည်..
(အဖြူရောင်ကျူးလစ်ပန်းလေးက မင်းကိုတောင်းပန်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ)

တနေ့တနေ့ညိုးလို့သွားတဲ့ပန်းကလေးတွေကိုဖယ်လို့ မနက်တိုင်း လန်းဆန်းနေတဲ့ပန်းလေးကရှိနေတက်သည်.
..
" Kim Taehyung Kim Taehyung ကိုခုချက်ချင်းသွားရှာလာခဲ့ကြ မရရတဲ့နည်းနဲ့ဖမ်းခေါ်လာခဲ့ ငါစီပါလာဖို့အရေးကြီးတယ် "

" ဟုတ်ကဲ့ ဥက္ကဌကြီး "

ပရောဂျက်ကနေထုတ်ပယ်ခံလိုက်ရတာကြောင့် ဒေသတွေအလှိမ့်လှိမ့်ထွက်နေတဲ့ Kim အဖေ..သူရဲ့လူတွေကိုခေါ်ကာ သားဖြစ်သူကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပါလာအောင်ခေါ်ခဲ့ဖို့အမိန့်ပေးလိုက်သည်.. လူရဲ့လောဘကသားသမီးကိုတောင်မငဲ့နိုင်လောက်အောင်ကိုကြောက်ဖို့ကောင်းသည်..

" ယောကျား ရှင့်သားရှိနိုင်တာတနေရာပဲရှိတယ် အဲ့တာ ဒယ်ဂူကသူ့ခြံမှာပဲ သူပိုင်တာဆိုလို့အဲ့တာပဲရှိတာလေ ရှင်မသိဘူးလား "

" ကြားလားမင်းတို့ အဲ့နေရာကိုသာသွားရှာလာခဲ့ ဘယ်လိုနည်းနဲ့ခေါ်လာရ ခေါ်လာရ ငါ့စီ Kim Taehyung ပါလာတာပဲလိုချင်တယ် "

" ဟုတ်ကဲ့ ဥက္ကဌကြီး "
...
Kim ရေးဆွဲခဲ့တဲ့ အိမ်ရာစီမံကိန်းပရောဂျက်ဖိုင်ကိုဖွင့်ကာ Hoseok ရှင်းပြနေတာတွေကို တခုခြင်းလိုက်မှတ်နေတဲ့ Jeon..

ညလည်လောက်ရောက်ပြီဆိုတာနဲ့ကားဖြင့်ဆိုးလ်ကနေဒယ်ဂူထိ 3နာရီအကြာ ကားဖြင့်သွားကာ Kim အတွက်မနက်စောစောပန်းလေးသွားပို့ပြီးတာနဲ့ ဆိုးလ်ကိုချက်ချင်းပြန်လာကာ Hoseok နဲ့အတူတူ လုပ်ငန်းကိစ္စတွေဆွေးနွေးလို့ကြိုးစားနေသည်..

" Jungkook ကျန်းမာရေးလည်းဂရုစိုက်အုံး နေ့တိုင်းကျ ကြာရင်မလွယ်ဘူးနော် "

" ကိုကို အတွက်ဆို ဒီကောင်က စူပါမန်းပါ "

" ငါမှားတာ "

" ဟဲဟဲ ကျွန်တော်ဂရုစိုက်ပါတယ် Hyung. ကိုကို ကိုလည်းဂရုစိုက်ရမယ်လေ "

AFTER (Complete) Where stories live. Discover now