အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ်
အပိုင်း-၂ကို…တောင်းပန်ပါတယ် မြတ်ရယ်
ကို မှားခဲ့တာပါ…
ဒီတစ်ခါတော့ ခွင့်လွတ်ပေးပါကွာ…
ကို့ဘဝမှာ မြတ်မရှိလို့ မဖြစ်လို့ပါ…black list ထဲမှ မိုးသောက်နေပို့ထားသည့် စာတွေကိုဖတ်ရင်း ပြုံးနေမိသည်။
အခုမှဒီစာတွေလာပို့နေတော့ရောဘာထူးမှာလဲ။ ကျွန်မမှ သူ့ကို အယုံအကြည်မရှိတော့ဘဲ…။
တကယ်ဆို သူက ကျွန်မရဲ့ပထမဦးဆုံးရည်းစား။
ရည်းစားထားမယ် စဉ်းစားကတည်းက
တစ်ယောက်တည်း ချစ်ပြီး အဲ့ဒီတစ်ယောက်ကိုပဲ ယူမယ်လို့တွေးထားခဲ့တာ…အခုတော့ အိမ်ထောင်ရေးဆိုတာ ဆန်ထဲမှ
ကြွက်ချေးကို ခွဲခြား ရွေးကောက်နိုင်မှ ထမင်းဖြူဖြူ ရနိုင်သလိုမျိုး။ဘာကိုမှ စိတ်ချ ယုံကြည်လို့မရမှန်း ကျွန်မ
ကောင်းကောင်းနားလည်သွား၏။"ဟဲ့ ငြိမ်လှချည်လား…ဖုန်းလဲမဆက် ဖုန်းလာသံလည်းမကြားပါလား… အခြေအနေမကောင်းဘူးလား"
ကျောင်းပိတ်ရက် အဆောင်မှာပဲ အေးဆေးအိပ်နေသည့် ကျွန်မအနားသို့မစပ်စု အချို့ ဝိုင်းရံလာကြသည်။
"ငါ့ကိုကျတော့ ပြောနေ… နင်တို့ရော ဘယ်မှမသွားကြဘူးလား…"
"မသွားပါဘူးဟယ်…ဖုန်းတစ်လုံးရှိရင် အဆင်ပြေတယ်…သုံးလေးယောက်ကို တစ်ထိုင်တည်း ချိန်းလို့ရတယ်…
အပြင်သွားရင် နေပူတယ် ပိုက်ဆံကုန်တယ် လူမြင်တယ် အာရုံလည်း နောက်တယ်…"မြတ်တို့အဖွဲ့ထဲမှာ သဘာအရင့်ဆုံး လဲ့ခိုင်ရဲ့
စကားကို အားလုံးခေါင်းတညိတ်ညိတ် နားထောင်နေ၏။"လိုင်းပေါ်ကလူတွေ ငါတော့မယုံပါဘူး လဲ့ရယ်…လူပျိုလူအို သိနိုင်တာ မဟုတ်ဘူး…
ပုံထဲမှာတစ်မျိုး အပြင်မှာ တစ်မျိုးနဲ့ ပြီးတော့ ဖေ့ဘုတ်က သူငယ်ချင်းဆိုတာကလည်း ၁၅ မိနစ်ကျော်လာရင် အလိုလိုစိတ်ဖောက်လာတယ်…
တကယ့် ဖြူဖြူစင်စင် ခင်တာ ၁၅ မိနစ်ထက်
မပိုဘူး ကြာလာရင် အီစီကလီတွေက များတယ်"
YOU ARE READING
အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)
Romanceမိုးတွေ မရွာအောင် ကျွန်တော် မလုပ်ပေးနိုင်ဘူး။ မေ့တစ်ကိုယ်စာ မိုးလုံအောင်တော့ ကျွန်တော် လုပ်ပေးနိုင်ပါတယ်...။