အချစ်စစ်ကပေးတဲ့အပြစ်ဒဏ်
အပိုင်း=၇သူငယ်ချင်းတွေကို နှုတ်ဆက်တော့ မျက်နှာမကောင်းကြ။
အားလုံးရည်ရွယ်ချက်ကိုယ်စီနဲ့ စိတ်တူကိုယ်တူ ရန်ကုန်ကို တက်လာခဲ့ကြတာ…
အခု မေက အရင်ဆုံးပြန်တော့မည်ဆိုတော့သူတို့စိတ်မကောင်းနိုင်ကြ။ကျွန်မလည်းစိတ်ထိခိုက်စွာ အဝေးပြေးသွားသည့်တစ်လမ်းလုံး ငိုလာခဲ့သည်။
ဒီအတိုင်းဆို ကျွန်မကအရှုံးနဲ့ထွက်သွားရတာ မဟုတ်ဘူးလား…
အချစ်ကိုရှုံးတယ်…ဘဝကို ရှုံးတယ်
အခု နောက်ဆုံး ကျွန်မစိတ်ကိုလည်း ကျွန်မရှုံးခဲ့သည်။ကိုယ့်ကိုကိုယ် အတန်တန် သတိပေးထားရက်နဲ့ သူ့ကိုယုံကာ ချစ်မိခဲ့ပြန်တယ်။
ဒါနောက်ဆုံးပါပဲ…။
ချစ်ခဲ့တာ နောက်ဆုံးပါပဲ။
အလှပဆုံး သင်ခန်းစာတွေ ပေးခဲ့သူရေ
နှုတ်ဆက်ခဲ့ပါတယ်…ကားဂိတ်ကို စောစီးစွာ ရောက်နေသည်မို့ ထိုင်စောင့်နေရင်း အတွေးပေါင်းစုံ တွေးနေမိသည်။
သူ ကျွန်မ ပြန်မည် ဆိုတာကို မသိဘူးလား…
လဲ့တို့ ပြောပြလို့ သူသိနေလောက်မှာ…
ဒါဆို သူ အပြေးလိုက်လာပြီး ကျွန်မ မသွားဖို့
တားရမှာ မဟုတ်ဘူးလား…သူ ကျွန်မကို ရှင်းပြရတာ မောသွားပြီထင်ပါရဲ့။
ဟုတ်ပါတယ် အဆက်အသွယ်အကုန်ဖြတ်လိုက်တဲ့ အချိန်မှာ သူ ကျွန်မကို တွေ့ပြီး ရှင်းပြဖို့ အသဲအသန်ကြိုးစားခဲ့တာ…။
ကျွန်မက လုံးဝလက်မခံဘဲ ခါးခါးသီးသီး ငြင်းထုတ်ပစ်ခဲ့မိတာ။
တကယ်ဆို လဲ့တို့ပြောသလို တစ်ခါလောက် နားထောင်လိုက်သင့်တယ်…ဒါမှ စိတ်နာရင်လည်း ပြတ်ပြတ်သားသား နာနိုင်သွားမှာ…
အခုတော့ သူ့ကြောင့်ပူလောင်နေသည့်စိတ်က သေရာပါတော့မည် ထင်သည်။ကားကဆိုက်လာပြီဖြစ်သည်။
သွားဖို့ဆုံးဖြတ်ပြီးမှ ချီတုံချတုံဖြစ်လာမိသည်။
နောက်ဘယ်တော့မှ မတွေ့တော့ဘူးလို့ ဆုံးဖြတ်ထားသော်လည်း ခဏလောက်ဖြစ်ဖြစ် တွေ့ချင်မိပြန်သည်။
YOU ARE READING
အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)
Любовные романыမိုးတွေ မရွာအောင် ကျွန်တော် မလုပ်ပေးနိုင်ဘူး။ မေ့တစ်ကိုယ်စာ မိုးလုံအောင်တော့ ကျွန်တော် လုပ်ပေးနိုင်ပါတယ်...။