အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ်
အပိုင်း=၃ဘယ်လောက်ခက်ခဲတဲ့ ပုစ္ဆာဖြစ်ဖြစ် တိကျတဲ့အဖြေတစ်ခုတော့ ရှိသည်တဲ့။
ဒါကြောင့် သူ့အပေါ်ထားတဲ့ကျွန်မရဲ့စိတ်ကို သိချင်ပါတယ်တဲ့…
ထိုစကားတွေကိုတိမ်ယံက ကျွန်မကို ရဲရဲမကြည့်ဘဲ ပြော၏။သူဟာ စင်ပေါ်
တက်ပြီး အဆိုပြိုင်နေသူတစ်ယောက်လို
အမူအရာအိုက်တင်တွေထက် အသံမတုန်အောင်ပဲ တော်တော်ကြိုးစားထားပုံရသည်။"တိကျတဲ့အဖြေကို ပြောရရင်တော့ ကျွန်မ
ရှင့်ကို မချစ်ဘူး…အချစ်ဆိုတဲ့ အရာကို ကျွန်မ မယုံဘူး တိမ်ယံ…ဒါကြောင့် ရှင်ပြောနေတဲ့စကားတွေကိုလည်း အယုံအကြည်မရှိဘူး"ကျွန်မ တုံ့ဆိုင်းမနေဘဲ ခပ်ပြတ်ပြတ်ပဲငြင်းပစ်လိုက်သည်။တိမ်ယံကတော့ ပြိုမလိုမိုးလို ငိုတော့မည့် မျက်နှာနှင့်
"မေရယ်…ကျွန်တော့်ဘဝမှာ
မေ့တစ်ယောက်တည်းပဲ ချစ်ခဲ့တာပါ…
ကျွန်တော် ဘယ်တော့မှ မေ စိတ်ဆင်းရဲအောင် မလုပ်ပါဘူး…မေ့ကိုပဲ ရိုးမြေကျသစ္စာရှိရှိချစ်မှာပါ"သူ့စကားတွေ နားထောင်ရင်း နာနာကျင်ကျင် ပြုံးနေမိသည်။တစ်ချိန်တုန်းက မိုးသောက်နေဆိုသည့် လူတစ်ယောက်လည်း
ထိုသို့မျက်နှာငယ်ငယ်လေးနဲ့စကားလှလှလေးတွေသုံးပြီး ကျွန်မကိုအယုံသွင်းခဲ့ဖူးသည်။အခုတော့ရော ဘာဖြစ်သွားလဲ…
ကိုယ်က သစ္စာရှိခဲ့သလောက် နောက်ဆုံး အရူးလုပ်ခံခဲ့ရတာပဲမဟုတ်လား။
အမှတ်သဲခြေကြီးလွန်းသည့်
ကျွန်မအတွက်တော့ ထိုအဖြစ်ကိုတစ်သက်လုံးမေ့တော့မည် မဟုတ်။တူညီတဲ့အမှားမျိုး ထပ်မမှားဖို့ ကျွန်မကိုယ်ကျွန်မအမြဲသံပတ်ပေးနေမှာပင်။တိမ်ယံက ကျွန်မကိုချစ်ကြောင်းနဲ့ သူ့အချစ်ကို ယုံကြည်ဖို့အထစ်အငေါ့မရှိ ပြောရင်း ဘေးမှ ထပ်ချပ်မခွာ လိုက်လို့လာ၏။
ကျောင်းရှေ့ရောက်တော့…"ရှင် ဘယ်အထိ လိုက်နေမှာလဲ…
ကျွန်မ အခုကားဂိတ်သွားမှာ…""ဒါဆိုကျွန်တော်လည်းကားဂိတ်လိုက်မယ်လေ…ဒီနေ့ကား ပါမလာဘူး"
YOU ARE READING
အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)
Romanceမိုးတွေ မရွာအောင် ကျွန်တော် မလုပ်ပေးနိုင်ဘူး။ မေ့တစ်ကိုယ်စာ မိုးလုံအောင်တော့ ကျွန်တော် လုပ်ပေးနိုင်ပါတယ်...။