အချစ်စစ်ကပေးတဲ့အပြစ်ဒဏ်
အပိုင်း=(၅)နောက်ဆုံးနှစ်ကို ချောချောမွေ့မွေ့ ဖြေဆိုခဲ့ပြီးပြီဖြစ်သည်။
အရင်ကတော့ ကျောင်းပြီးတာနဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ပုသိမ်ကိုပြန်ပြီး အဲ့ဒီမှာပဲ အဆင်ပြေတဲ့အလုပ်တစ်ခုလုပ်ဖို့ တွေးခဲ့သည်။
အခုတော့ မြတ်တို့သူငယ်ချင်းတွေအားလုံး ဇာတိမြေကို မပြန်ဘဲ ရန်ကုန်မှာပဲ အလုပ်တစ်ခု ရှာဖို့ သဘောတူလိုက်ကြသည်။
ဒါကလည်း အလုပ်လုပ်ချင်သည့် စိတ်ထက် ရည်းစားကိုယ်စီ ရှိနေကြသူမို့ မခွဲမခွာချင်လို့လည်းပါသည်။
ထို့ကြောင့် မြတ်အပါအဝင် အားလုံး အလုပ်ကိုယ်စီနဲ့ လုပ်ငန်းခွင် ဝင်နေကြပြီဖြစ်သည်။
ဒီနေ့အလုပ်ပိတ်ရက်။
ရှားရှားပါးပါးပိတ်ရက်မို့ အဆောင်မှာနေချင်သော်လည်း မြတ်တစ်ယောက်တည်း ပျင်းနေသည့်အခါ တိမ်ယံနဲ့ ရုပ်ရှင် ကြည့်ဖို့လိုက်လာခဲ့သည်။ဒါဟာ သူတို့နှစ်ယောက်တည်းတွဲပြီး ရုပ်ရှင်ကြည့်ဖူးခြင်းပင်။
တိမ်ယံကတော့ အပျော်ကြီး ပျော်နေသူမို့လက်မှတ်ဝယ် မုန့်ဝယ်တာနှင့် အလုပ်ရှုပ်လို့နေ၏။
"မေ ဘာမုန့်စားမှာလဲ…"
"ပေါက်ပေါက် နေကြာစေ့…ရှောက်သီးဆေးပြားနဲ့ အအေး"
"အအေးက ဘာအအေးလဲ"
" ကိုလာပဲ သောက်မယ်"
"ok ခဏစောင့်"
သူ ပေါ့ပါးသွက်လက်စွာ ပြန်ထွက်သွားသည်။
ခဏအကြာ မုန့်တွေ တပွေ့တပိုက်နဲ့ ရောက်လာသည်။
"ရော့ မေ့အတွက်…ပေါက်ပေါက်"
"ဟွန်း ကိုင်ထားလေ…မေ ဒီမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေလို့"
သူ့ကို မော့မကြည့်ဘဲ လိုင်းပေါ်မှ သူငယ်ချင်းတွေနဲ့ သဲကြီးမဲကြီး ချက်လို့နေ၏။ သူကကျွန်မဘေးက ထိုင်ခုံမှာ ဝင်ထိုင်ပြီး ဖုန်းကို မသိမသာ လှမ်းကြည့်သည်။
"ဘယ်သူနဲ့ပြောတာလဲ"
"သူငယ်ချင်းနဲ့"
"ယောကျာ်းလေးလား…မိန်းကလေးလား"
YOU ARE READING
အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)
Storie d'amoreမိုးတွေ မရွာအောင် ကျွန်တော် မလုပ်ပေးနိုင်ဘူး။ မေ့တစ်ကိုယ်စာ မိုးလုံအောင်တော့ ကျွန်တော် လုပ်ပေးနိုင်ပါတယ်...။