Part 4

77 6 0
                                    

အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ်
အပိုင်း=(၄)

အရာဝတ္ထုတစ်ခု၏ တန်ဖိုးကို လက်လွတ်ဆုံးရှုံးရသည့်အချိန်တွင် နှမြောတသ ဖြစ်တတ်တာ လူ့သဘာဝတစ်ခုပင်။
K
ကျွန်မ မှာ ဘာအရာဝတ္ထု ပစ္စည်းတစ်ခုမှ ပျက်စီးဆုံးရှုံးခြင်းမရှိ။
သို့သော်ကျွန်မစိတ်ထဲအကောင်ထည်ဖော်ပြ၍ ဝမ်းနည်းမှုတစ်ခုက ကြီးစိုးလို့နေ၏။

တိမ်ယံ…သူဟာကျွန်မအတွက်…

မျက်လုံးထဲဝင်နေသည့် အမှုံစလေးတစ်ခုလို…

လည်ချောင်းထဲက ထွေးမရ မျိုမရ အရိုးစလေးတစ်ခုလို...

စိတ်ကသိကအောင့်ဖြစ်အောင် အနှောင့်ယှက်ပေးတတ်သည့် အရာထက်မပိုခဲ့သော်လည်း…

မြင်နေကျ ပုံရိပ်တွေ မတွေ့ရသည့်အခါ…
ကြားနေကျစကားတွေမကြားရတော့သည့်အခါ....

ကိုယ်က နှင်မထုတ်ပါဘဲ သူက အလိုက်တသိ ထွက်သွားပေးသည့်အခါ…

စိတ်ထဲလစ်ဟာ သွားသည့် ကွက်လပ်ပေါင်းများစွာ ရှိမှန်းသိခဲ့ရသည်။

ဒီနေ့နဲ့ဆို သူကျောင်းမလာတာ လေးရက်ရှိခဲ့ပြီ။

မိန်းကလေးပီပီ ဣ‌န္ဒြေရရ ဟန်မပျက်မျှော်နေခဲ့သော်လည်း  သူငယ်ချင်းတွေအားလုံးက အကြောင်းသိသူပီပီ ကျွန်မကိုပဲ ကြည့်ကာ ဝိုင်းစနေတော့သည်။

**လာနေကျလမ်းမှာ နေ့စဉ် စောင့်နေမယ်…သူ့ကိုကွယ်…မမြင်ရရင် မနေတတ်အောင် မနေတတ်အောင် စိတ်ထဲမှာကွယ် စိုးတထိတ်ထိတ်နဲ့ မျှော်နေရတယ်***

သံပြိုင်ဆိုနေလိုက်ကြတာ ကန်တင်းတစ်ခုလုံး သူတို့အသံတွေ ဆူညံနေ၏။နောက်ဆုံးနှစ်ကျောင်းသူတွေဖြစ်တဲ့အပြင် ဒီဆိုင်လေးက မြတ်တို့ကျောင်းစတက်ကတည်းက ထိုင်နေကျ ဆိုင်မို့ အားလုံးရင်းနှီးနေကြသည်။

"နင်တို့တွေ ဘယ်လိုဖြစ်နေကြတာလဲ…အသံပြဲကြီးတွေနဲ့…
လူတွေရှိနေတဲ့ဟာကို မရှက်ဘူးလား"

"ဘာရှက်စရာလိုလဲ…ငါတို့က မျှော်တော်ယောင်သူငယ်ချင်းလေးကို အားပေးနှစ်သိမ့်နေတာ"

"နင်တို့တွေနော်…ဘယ်သူကမျှော်နေလို့လဲ… ငါကတော့ မမျှော်ဘူး…နင်တို့မျှော်နေရင်တော့ မပြောတတ်ဘူး"

အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)Where stories live. Discover now