Part 1

116 10 1
                                    

အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ်
အပိုင်း=၁

အင်းလျားရေပြင်ကို ဖြတ်တိုက်လာတဲ့ လေတွေ အေးသည်ဟု ဘယ်သူများ ပြောခဲ့သနည်း။

နေကပူ လေကပူ ဒေါသတွေနဲ့ စိတ်ကလည်း
တော်တော်ပူလောင်နေပြီဖြစ်သည်။

ဒီထိုင်ခုံတစ်နေရာ ရဖို့ နေပူကျဲကျဲကတည်းက အိမ်က ထွက်လာခဲ့ရသည်။
လူတွေလူတွေ ထိုင်ခုံဆိုသည့်အရာကို အရမ်းမက်မောတွယ်တာကြသည်။
ကားပေါ်လဲ ကားပေါ်မို့ အခုလည်း ဒီနေရာ ဒီထိုင်ခုံလေးနဲ့ ဇိမ်ရှိရှိ ထိုင်ရဖို့ နည်းတဲ့ ဒုက္ခခံခဲ့သည် မဟုတ်။

လူစင်စစ်က အကင်မဖြစ်ရုံတမယ်နေပူပူထဲ ဖြတ်ပြီး လျှောက်လာခဲ့ရတာ။
ချစ်သူအနားမှာရှိရင်တော့ ဘာအရေးလဲ…
အခုတော့ ကိုယ်တော်ချောက ဘယ်အရပ်ဌာနေက ပေါ်လာမှန်းမသိသည့်အခါ
ဒလက်လိုပဲ ချာချာလည် အငြိမ်မနေနိုင်ဘဲ
မျှော်နေခဲ့ရသည်။

ဖုန်းကမှန်ကို တစ်ချက်ကြည့်လိုက်သည်။
သူကသနပ်ခါးထက်မိတ်ကပ်နဲ့ပိုလှသည်ဆို၍မပြင်တတ်ပြင်တတ် လိမ်းထားခဲ့တာအခုတော့ မိတ်ကပ်က ချွေးတွေနဲ့ညိုသလို ပြာသလို …ကွက်သလိုဖြစ်နေ၏။

သို့သော် လှသလိုတော့ရှိပါသည်။
ကိုယ်က ကြည့်ရဆိုးတဲ့လူထဲမှာမှ မပါဘဲ…။

ထိုသို့အတွေးတွေပြောင်းကာ တွေးနေမိလည်း မျက်စိက ချစ်သူလာမည့်လမ်းကိုပဲ မျှော်နေမိသည်။

ဟင်းးး လာပါတော့ကွာ…
တစ်သျှူးနဲ့ ချွေးတွေသုတ်ရင်း ညည်းညည်းညူညူ ခေါ်နေမိသည်။

"တစ်ယောက်တည်းထိုင်ဖို့များ နေပူကျဲတဲမှာ နေရာဦးထားတဲ့သူက ရှိသေး"

အသံကြားရာ နောက်ဘက်သို့ လှည့်ကြည့်လိုက်တော့ အတွဲတစ်တွဲ သူ့ကို လှောင်ပြီး ရယ်သွားကြသည်ကို တွေ့ရသည်။

ထပြီးရန်တွေ့လိုက်ချင်သော်လည်း စိတ်ကို
မနည်းထိန်းထားလိုက်ရသည်။

တစ်ယောက်တည်းလို့ သူတို့ကို ဘယ်သူက ပြောလို့လဲ…
လာမှာ စိတ်ချ…
ငါ့ချစ်သူလာရင် နင်တို့တွေ လာပြီးဆွဲထိုးခိုင်းအုန်းမယ်။
စောင့်နေ…ဟွန့်…

အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)Where stories live. Discover now