Part 8

29 5 1
                                    

အချစ်စစ်ကပေးတဲ့အပြစ်ဒဏ်
အပိုင်း=(၈)

၆ လခန့်ကြာသော်…

သင်တန်းတစ်ခု တက်ရန် ရန်ကုန်သို့ ရောက်လာခဲ့သည်။

မောင့်သတင်း အဆက်မပြတ် စုံစမ်းနေသော်လည်း ဘာသတင်း အစအနမှ မရ။

ဒါဆို သူ ကျွန်မကို မမှတ်မိသေးဘူးပေါ့…။

အထွေအထူးတော့ ဝမ်းမနည်းဖြစ်ပါ။

သူ့အကြောင်းတွေးရင် မငိုဖြစ်တဲ့ရက်ဆိုတာ မရှိသလောက်ပင်။ အခုလည်း ဝမ်းနည်းစွာမျက်ရည်ကျနေမိသည်။

ကျွန်မကျေနပ်ပါသည်။
ဒါဟာ သူပေးတဲ့ အပြစ်ဒဏ်မို့ ကျေကျေနပ်နပ်ခံယူနေမိသည်။

"မြတ် ငါတို့ ရုပ်ရှင် သွားကြည့်မလား…"

သင်တန်းပိတ်ရက် အလုပ်ပိတ်ရက်မို့ လဲ့က
အဖော်ညှိနေ၏။

"မကြည့်ပါဘူးဟာ…ရုပ်ရှင်ကြည့်ရင် သူ့ကို
သတိရနေအုန်းမယ်…"

ဇင်မာက သူ့ကို ကြည့်ကာ စုတ်တသပ်သပ် သနားနေ၏။

"နင့်ဒုက္ခကလည်း မသေးပါလားဟာ…
သူ့ရောဂါကလည်း အဆန်းကြီးပဲ…
အားလုံး မှတ်မိသွားအောင် သူ့ခေါင်းကို ရိုက်ခွဲရမှာ…"

"ဟင် သီဟတင်စိုး မိန်းမကလည်း
ကြမ်းမယ် ရမ်းမယ် ဆိုတာချည်းပဲ…ဒီလိုလုပ်ပါလား
မြတ် နင် သူ့ဖုန်းနံပါတ် ဆက်ကြည့်ပါလား
သူ နင့်ကို မှတ်မိချင် မှတ်မိမှာပေါ့"

"ဟင့်အင်း ထားပါတော့ ရတီရာ…
သူမှတ်မိရင် နင်တို့ဆီက တစ်ဆင့်ဆက်သွယ်ပြီး  ငါ့ကို လာရှာမှာပေါ့…သူမမှတ်မိသေးလို့နေမှာ"

"မမှတ်မိဘဲ…သူ့မိဘ ပေးစားတဲ့လူနဲ့ ယူသွားရင်ရော"

မျက်နှာပျက်သွားသော ကျွန်မကိုကြည့်ပြီး လဲ့က ရတီပေါင်ကို ဆွဲဆိတ်လိုက်၏။

"အား…ဘာလို့လဲ"

"နင်ကလေ အလိုက်ကန်းဆိုးကို နားမလည်ဘူး။ ရှော့ရစေတဲ့ မေးခွန်းတွေပဲ ရွေးမေးနေသလား မှတ်ရတယ်"

လဲ့က တဗျစ်တောက်တောက် ပြောနေသော်လည်း ကျွန်မကတော့ အပြစ်မတင်မိ။
ရတီပြောသည့် ကိစ္စလည်း ဖြစ်နိုင်တာပဲလေ။

အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)Where stories live. Discover now