Part 6

24 5 2
                                    

အချစ်စစ်ကပေးတဲ့အပြစ်ဒဏ်
အပိုင်း=(၆)

"မြတ်…နင် တိမ်ယံဖုန်းကို မကိုင်ဘူးဆို"

လဲ့ခိုင်က ဖုန်းပြောနေရင်း သူ့ဆီလျှောက်လာနေ၏။

"ဟုတ်တယ် သူ့ကို စိတ်ပြေမှ ဆက်သွယ်မယ်လို့ပြောထားတယ်လေ…
ဘာလို့လျှောက်ဆက်နေလဲ မသိဘူး"

မေ စူပုတ်ပုတ်ပြောတော့ လဲ့က ဖုန်းကိုချရမလို ပြောရမလိုနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေ၏။

"တိမ်ယံ နောက်မှ ဆက်လိုက်ပါလား…
ဒီမှာ နှုတ်ခမ်းစူနေတယ် အခြေအနေမကောင်းဘူး"

ဟိုဘက်က ဘာထပ်ပြောမှန်းမသိ။လဲ့က တအင်းအင်းနဲ့နားထောင်နေ၏။

"မြတ်…ခဏလောက်ပြောလိုက်ပါလား သနားပါတယ်…"

'မသနားပါဘူး သူအမှားလုပ်ထားလို့ မပြောတာ …နောက်နှစ်ရက် မလာနဲ့လို့ ပြောလိုက်"

"ကဲ တိမ်ယံရေ…စိတ်ကောက်တာက limit နဲ့ဟ…
နှစ်ရက် ကောက်မယ်တဲ့…
ငါတို့သူငယ်ချင်းက သူများမိန်းကလေးတွေလို မဟုတ်ပါဘူးဟယ်…ငါတို့ဆို တစ်ပတ်လောက် ကောက်တာ…သူက မြန်ပါတယ်…သည်းခံလိုက်ပါ"

"ဟင် ဒါဆို ငါကောက်ကာ နည်းသွားတာများလား…ဟဲ့  လဲ့…သူ့ကို တစ်ပတ်လာမခေါ်နဲ့လို့ပြန်ပြောလိုက်"

"ဟမ်…မရှည်နဲ့ နှစ်ရက်ဆို နှစ်ရက်ပဲ"

"ဟမ် နင်က တိမ်ယံရှေ့နေ့လား…ငါက
တစ်ပတ်ဆို တစ်ပတ်လိုက်ပေါ့"

"ဟာမသိတော့ဘူးဟာ…နင်တို့ဘာသာပြောတော့"

လဲ့က ပြောပြောဆိုဆို ဖုန်းကို သူ့လက်ထဲ ထည့်ပေး၏။

"မေ…မေ…"

speaker ဖွင့်ထား၍ သူ့အသံက အတိုင်းသားကြားနေရသည်။

"မေ နားထောင်နေတယ် မဟုတ်လား…
စိတ်မဆိုးပါနဲ့ကွာ…မေ စိတ်ကောက်ရင် ဘာလုပ်ရမှန်းမသိလို့ပါ… နော်…မေ
မောင့်ကို ပြန်ခေါ်ပါကွာ"

မေ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ကြိတ်ရယ်နေမိသည်။

"အဲ့ စိတ်ကောက်တဲ့သူက ရယ်နေတယ်ဟေ့"

မေ …လဲ့ပါးစပ်ကို အသဲအသန်လိုက်ပိတ်နေလည်း လဲ့က မေ့ကို တွန်းဖယ်ကာ မရမကပြောနေ၏။

အချစ်စစ်ကပေးတဲ့ အပြစ်ဒဏ် (Completed)Where stories live. Discover now