(U)
-------
၂၀၀၉ ခုနှစ် ဂျူလိုင်လ
" ဒါဘာတွေလဲ ဒရေကို ... ဘာတွေဖြစ်နေတာလဲ မင်းfanတွေအားလုံးစိတ်ပူလို့အရူးတစ်ပိုင်းဖြစ်ကုန်ပြီ "
စားပွဲပေါ်က စာရွက်စာတမ်းတွေကိုကြည့်ရင်း ရင်ထဲမှာဗလာကျင်းသွားသလို သူဟာချောက်နက်နက်ထဲ ပြုတ်ကျသွားရတဲ့ ခဲလုံးတစ်လုံးကဲ့သို့ တိတ်ဆိတ်နေမိ၏။ ရင်ထဲမှာအကြိမ်ရာထောင်ချီအော်ဟစ်နေမိတဲ့ အဓိပ္ပါယ်မဲ့ ဦးတည်ချက်မဲ့ဘာသာစကားတွေဟာ အပြင်ကိုသာထွက်လျှံလာခဲ့ပါလျှင် ငိုကြွေးမြည်တမ်းခြင်းဟူသည့် ခေါင်းစဉ်အောက်လုံးလုံးလျားလျား ဆွဲအသွင်းခံရမှာ။
အင်တာနက်ပေါ်မှာပလူပျံနေတဲ့ သူ့အကြောင်းသတင်းတွေကို မန်နေဂျာအကိုက ဒရေကို့ကို ပြသည်။ မျက်လုံးတွေကမှုန်ရီဝါးဝါး။ အသိစိတ်ကအိမ်မက်လို ထုံထိုင်းနေဆဲ။
မနေ့ကအထိသူက Brand ပေါင်းမြောက်မြားစွာရဲ့ spokesperson တစ်ယောက်အဖြစ်နဲ့ အောင်မြင်ကျော်ကြားနေဆဲ မင်းသားတစ်လက်အနေနဲ့၊ တစ်ဟုန်ထိုး ထိုးတက်အောင်မြင်နေတဲ့ ကြယ်တစ်ပွင့်အနေနဲ့ ရှိနေခဲ့သေးတယ်။
ဒရေကိုနိုင်ငံရေးကိစ္စတွေများများစားစားမသိပေမဲ့ သူအမှုဆင်ခံရမှန်းတော့ ရိပ်မိပါသည်။ လွန်ခဲ့တဲ့လေးငါးနှစ်လောက်က အမှတ်တမဲ့ရိုက်ခဲ့ဖူးတဲ့ ဓာတ်ပုံထဲကလူ။ သွားရင်းလာရင်း ရိုက်ခဲ့ဖူးရုံဓာတ်ပုံတစ်ပုံက သူ့ဘဝကိုဖျက်ဆီးလိုက်နိုင်တာလား။ အဲ့ဒီလူက နိုင်ငံတော်ပုန်ကန်ဖို့ လှုပ်ရှားတဲ့အဖွဲ့အစည်းကသူဆိုတာလည်း သူမသိခဲ့ဘူး။ ဒီအတိုင်းသူ့အဖေရဲ့အသိမိတ်ဆွေဖြစ်နေလို့ ရိုက်ခဲ့မိခြင်းသက်သက်။ အဲ့ဒီအချိန်တုန်းကသူအမှတ်တရအနေနဲ့ရိုက်ခဲ့တာ။ ဘာလို့ရိုက်ခဲ့မိသလဲတောင် ကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစားမရပါဘူး။ သေချာတာကတော့ ဒီအနုပညာအသိုင်းအဝိုင်းထဲကသူတစ်ယောက်ယောက်က သူ့ကိုပုန်ကန်ဖို့ကြိုးစားတဲ့သူဆိုတဲ့ ခေါင်းစဉ်အောက်ဆွဲသွင်းပြီး ချောက်ချတာပါပဲ။ သက်သေတွေအစုံအလင်နဲ့ အတုတွေရောအစစ်တွေရော။
ဒရေကိုမသိခဲ့ဘူး။ ဒါမျိုးကိစ္စတွေက အဲ့လောက်ထိလောင်နိုင်တဲ့မီးလား။ သူဘာအမှားများလုပ်ခဲ့မိပါသလဲ။ ဓာတ်ပုံတစ်ပုံပဲရိုက်ခဲ့ရုံပါ။ ဒီနိုင်ငံက ဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံမို့ ရှေးရိုးစွဲတယ်။ လုပ်ကြံမှုတွေပေါတယ်။ ဒရေကို နိုင်ငံတော်ပုန်ကန်တယ်ဆိုတာ ဘာမှန်းတောင်မသိခဲ့ပါ။
YOU ARE READING
City of stars [A Harco story]
FanfictionCity of stars... You never shined so brightly.