(U)
" ကြယ်စင်တွေခရီးထွက်သွားတဲ့မှောင်မိုက်ခြင်းနဲ့ည
တစ်ယောက်ထဲကိုယ့်ဘဝမှာ သူ့အလင်း...လေပြေငယ်တိုက်ခတ်ရင်းနဲ့ညခင်းတစ်ခုရဲ့အလှ
သူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်.... "- သူ့အချစ် (ဟန်ထွန်း) -
......
" ဟယ်ရီကတွေ့ခွင့်တောင်းနေတယ် "
" မတွေ့ချင်ဘူး အကိုပဲကြည့်ကောင်းအောင်ပြောပေးပါ "
တစ်ဖက်စောင်းလှဲလိုက်တော့ တံတောင်ကွေးမှာ ထိုးထားတဲ့ IV dripရဲ့အပ်က စူးခနဲ။ တစ်ကိုယ်လုံး လက်ချောင်းလေးတစ်ချောင်းတောင်မလှုပ်ချင်တော့လောက်အောင် ဒရေကိုပင်ပန်းနေသည်။ ကိုရီးယားပွဲရက်တွေအကုန် နောက်ရွှေ့လိုက်ရသလို ဆေးရုံကနေပဲ သူLive streamလုပ်ပြီးအားလုံးကိုတောင်းပန်ခဲ့ရသည်။
အဲ့နေ့က မန်နေဂျာအကိုကပဲ ဒရေကို့ကိုဆေးရုံပို့ပေးပြီး အစစအရာရာအကုန်စီစဉ်သွားတာ။ ဘာမှလည်းစားမဝင်တော့တာနဲ့ Drip ချိတ်လိုက်ဖို့ပဲ သဘောတူလိုက်ရသည်။ သူ့အစာအိမ်ထဲမှာလည်း ဘာမှမရှိသလို အူတွေလူးလွန့်နေသလို မကြာခဏအန်ချင်နေသည်။ အားနည်းနေလို့၊ စိတ်ဖိစီးလို့ဖြစ်တာကြောင့် စိတ်မဖိစီးအောင်နေရမည်ဟုဆရာဝန်ကပြောသည်။
အမှုကာလအတွင်းစိတ်ကျရောဂါပါ ဖြစ်ဖူးထားတာမို့ တစ်ခုခုဆိုရင် သူ့ခန္ဓာကိုယ်ကမခံနိုင်။
" မင်းမှမတွေ့ရင်လူကြားထဲအရှက်ရစရာတွေဖြစ်ကုန်တော့မယ် ဒရေကို.... "
" ကျွန်တော်သူ့မျက်နှာကိုမြင်ရင် တောင့်ခံမထားနိုင်လောက်ဘူး ကျေးဇူးပြုပြီးပြန်လွှတ်လိုက်ပါ အကို "
" ဒါပေမဲ့ဟယ်ရီက..... "
" ကျွန်တော်အရမ်းပင်ပန်းနေလို့ပါ တောင်းဆိုပါတယ် "
ဟယ်ရီကသူ့ကိုမတွေ့ရမချင်းမပြန်ဘူးပြောတယ်တဲ့။ ဒရေကိုရှောင်ပြေးဖို့ကြိုးစားတာမဟုတ်ဘူး။ သူကခံခဲ့ရသူပါ။ တကယ်က သူဟယ်ရီ့မျက်နှာကိုမမြင်ရဲတာဖြစ်သည်။ ဒရေကိုသူ့အကြောင်းသူသိတယ်။ မျက်စိရှေ့မှာတခြားမိန်းမတစ်ယောက်နဲ့ဒါမျိုးဖြစ်နေတာကို မြင်ခဲ့တာတောင် ပြတ်ပြီဆိုတဲ့စကားထုတ်မပြောရဲလောက်အောင် သူကသတ္တိနည်းနေတာ။ ဟယ်ရီ့မျက်နှာမြင်ရင်အမှတ်မရှိ ထပ်ပြီးလိမ်ညာမှုတွေကိုလက်ခံပေးမိလိမ့်မည်။ ဘယ်လောက်ပဲပေးဆပ်နေမိတယ်ဆိုဦး အရမ်းနာကျင်ခံစားလာရတဲ့အခါ လွှတ်ချလိုက်ဖို့ပဲတွေးမိလိမ့်မည်။