(U)
" တစ်စုံတစ်ခု...
မင်းချစ်မြတ်နိုးတွယ်တာရတဲ့အရာတစ်ခုက
တစ်ချိန်ချိန်မှာ မင်းအတွက်
ထာဝရတည်မြဲခြင်းဆိုတဲ့အရာတစ်ခု ဖြစ်လာမယ်လက်လွှတ်လိုက်ဖို့ဘယ်လောက်ကြိုးစားပါစေ
မင်းဆီကိုပဲ ဒီအရာဟာတဝဲလည်လည်ပြန်လာနေမယ်နောက်တော့...
မင်းကိုဖျက်ဆီးပစ်လိုက်လိမ့်မယ် "- အယ်လန်ဂင်းစ်ဘတ် (Kill your Darlings) -
.....
2013 August 12.
ကော်ဖီတစ်ခွက်လက်ထဲမှာကိုင်ထားရင်း မိုးစက်မှုန်တွေကျနေဆဲ မှန်ပြတင်းရှေ့မှာ ဒရေကိုငူငိုင်ငိုင်ရပ်နေမိသည်။ အသိစိတ်ကင်းမဲ့ ရှင်လျက်နဲ့သေနေသလိုသူ့ခန္ဓာကိုယ်က တစ်ခုသောအတွေးနဲ့လွှမ်းခြုံရစ်ပတ်ထားသည်။
ဟယ်ရီ.....
ဟယ်ရီဟာဘာကြောင့်မှန်းမသိ ယနေ့အချိန်အထိ ဒရေကို့ကိုအသုံးချနေဆဲ၊ ပတ်သတ်နေဆဲပင်။ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားတာ လေးနှစ်တောင်ရှိသွားခဲ့ပြီ။ အစဦးဆုံးမှာတော့ ဟယ်ရီသူ့အပေါ်မကြင်နာတာ သူ့Careerပျက်စီးသွားလို့ ဝင်ပတ်သတ်လို့မရတဲ့ကိစ္စတွေရှိလို့ ပေါ်တင်မကာကွယ်ပေးရဲလို့ဖြစ်ရတယ်ထင်ခဲ့ဖူးသည်။ သူ့ကိစ္စတွေပြန်အဆင်ပြေသွားတော့ ဒရေကိုနောက်တစ်မျိုးပြောင်းတွေးဖြစ်တာက ဟယ်ရီဟာသူ့ကိုယ်သူသံသယများလွန်းလို့ ရှေ့မတိုးနောက်မဆုတ် သူ့ကို ကြိုးရှည်ရှည်နဲ့လှန်ခဲ့တယ်လို့ တွေးမိပြန်သည်။
အခုရော...
ဒီလောက်အချိန်တွေကြာသွားတော့ရော.......ဟယ်ရီဟာသူ့စိတ်သူတောင် ပွင့်လင်းခွင့်မပေး ဒရေကို့ကိုလည်း ထွက်သွားခွင့်မပေးတဲ့ အတ္တကြီးတဲ့ငတုံးတစ်ယောက်လို့ပဲ သူနောက်ဆုံးအကြိမ်ကောက်ချက်ချဖြစ်ခဲ့သည်။
သူနဲ့ဟယ်ရီကြားကဆက်ဆံရေးက အဲ့ဒီဟယ်ရီ့ရဲ့မွေးနေ့ညအပြီးကတည်းက အခုတစ်နှစ်ကျော်အထိ တင်းမာနေဆဲပဲ။ ဟယ်ရီကအရင်ကထက်ပိုပြီးပြဿနာရှာတတ်လာသည်။ သူနဲ့မန်နေဂျာအကို့ကို စွပ်စွပ်စွဲစွဲစကားတွေပြောပြီး သူတစ်ပါးသိက္ခာကိုပါထိခိုက်စော်ကားတတ်သည်။ ဒရေကိုမေးတိုင်း သဝန်တိုလို့ ဒရေကို့ကိုချစ်လို့လုပ်မိတာပါလို့ဖြေတတ်ပြီး တောင်းပန်တတ်မြဲ။
ŞİMDİ OKUDUĞUN
City of stars [A Harco story]
Hayran KurguCity of stars... You never shined so brightly.