{3}

64 10 6
                                    

(U)

.........

" ညာနေတာတွေရင်ထဲက
ငိုနေမိလည်း ခဏပါပဲ

ဟန်ဆောင်ပြုံးရင်းချစ်တဲ့သူအနားနား
ကိုယ်တကယ်ပျော်နေခဲ့တယ်

အချစ်တစ်ခုအတွက်
အရာရာအားလုံးသဘောအတိုင်းပဲ

ကိုယ်လိုချင်ခဲ့သော အချစ်တို့ဝေးနေလည်း... "

-ချမ်းချမ်း(တစ်ခါထဲချစ်ချင်လို့ပါ)-

_________

" အကို့fanတွေကိုပြောပေးဦး... သူတို့အရမ်းလွန်လာပြီ "

ဟယ်ရီ့ဆီကဖုန်းမလာတာ ဆယ့်နှစ်ရက်လောက်ရှိနေခဲ့တဲ့အဆုံး  လာမဲ့လာတော့လည်း  ဒရေကို့အတွက်  ပထမဆုံးနှုတ်ဆက်စကားက သူကြားချင်မိတဲ့ ရိုးရိုးရှင်းရှင်း
' ဟယ်လို- အကိုနေကောင်းရဲ့လား ' ဆိုတဲ့စကားထက် ဒါမျိုးဖြစ်နေခဲ့သည်။

သူ့ရဲ့dumplingတွေက ဟယ်ရီ့ကိုအပြစ်တင်တဲ့စာတွေ  twitter မှာ tagပေါင်းစုံနဲ့တင်ကြသည်။ ဟယ်ရီ့ပရိသတ်တွေနဲ့  သူ့ပရိသတ်တွေနဲ့  မတည့်ကြတော့ပဲ  အချင်းချင်းစောင်းကြမြောင်းကြ ဖြစ်ကုန်ကြတယ်ထင်ပါရဲ့။ သူတို့နှစ်ယောက်ကို shipတဲ့သူတွေလည်း အခုထိရှိနေ​သေးတော့  အဲ့ဒီလူတွေကတော့  ဘာမှဝင်ပြောမရလို့  ငြိမ်နေကြသည်။ တစ်ခါတစ်လေ ဒရေကို့ အီးမေးလ်ဆီကို fanတွေဆီကရောက်လာတဲ့စာတွေသူဖတ်ရပါတယ်။

သူတို့ခံစားချက်တွေနဲ့  တစ်နေ့တာတွေ့ရကြုံရသမျှကို fanတွေက ဒရေကို့ဆီ  အစီရင်ခံတတ်ကြသည်။ ဒီမိန်းမငယ်လေးတွေရဲ့စိတ်အားထက်သန်မှုတွေကတော့ တကယ်ကိုပြောမပြတတ်အောင်ပါပဲ။ သူ့ထက်အများကြီးပိုသန်မာပေးနေကြတဲ့ကလေးမလေးတွေရယ်ပေါ့။ သူကိုယ်တိုင်ကအဲ့တော့  ဘယ်လိုမျက်နှာပြောင်တိုက်ပြီးပြိုလဲပြရမှာလဲ။

အိတ်ထဲကဖုန်းကိုထုတ်ပြီး  ဟယ်ရီလို့မှတ်ထားတဲ့ contactဆီသူဆက်လိုက်သည်။ နှစ်ချက်လောက်ပဲမြည်ပြီး တစ်ဖက်ကဖုန်းကိုင်လာသည်။

" ဟယ်ရီ... "

" အင်း "

တစ်ဖက်ဖုန်းလိုင်းက စိတ်မရှည်ဟန်နဲ့ အင်းတစ်ခွန်းပဲပြန်ဖြေလာသည်။

City of stars [A Harco story]Hikayelerin yaşadığı yer. Şimdi keşfedin