{4}

57 11 4
                                    

(U)

.........

Song recommendation - Unconditionally (Katy)

_______

တိမ်ညိုတွေ ရောင်ခြည်ကိုကြာကြာမဖုံးကွယ်နိုင်ပါ။ နတ်စောင့်တဲ့တရား၊ အမှန်တရားနဲ့ အပြစ်ကင်းစင်မှုဟာ ဖုံးအုပ်ထားမှုတွေကိုဖျောက်ဖျက်လို့ မျှော်လင့်ချက်ရောင်ခြည်နွေးနွေးက ဘဝကိုတစ်ဖန်လင်းလက်စေခဲ့သည်။

အကြိမ်ကြိမ်ပယ်ချခံရပြီးတဲ့နောက် ခြောက်လအကြာမှာ ဒရေကို့၏အယူခံက တရားဝင်အသိမှတ်ပြုခံခဲ့ရပြီဖြစ်၏။ ဒီအတွက်သူဒေါ်လာ၃၅သန်းလောက်အထိသုံးစွဲခဲ့ရသလို စိတ်ဓာတ်ကျခြင်းနဲ့ ပြိုလဲခြင်းရက်များလည်း အကြိမ်ကြိမ်ဖြတ်သန်းခဲ့ရသည်။

သူ့အမေကဒီအတောအတွင်းတရှောင်ရှောင်နဲ့ဖြစ်နေရင်းကနေ နှစ်လအလိုကပဲ သူ့ကမ္ဘာမှထွက်ခွာသွားခဲ့သည်။ ဟယ်ရီသူ့ကိုပြောခဲ့ဖူးတဲ့ 'အကို့ကိုကျွန်တော်မသေစေချင်ဘူး' ဆိုတဲ့စကားကြောင့် သူသတ်သေဖို့မကြိုးစားခဲ့ပါ။ အမေ့ဈာပနပြီးတဲ့ညကတော့ သူအဲ့ဒီအိပ်ဆေးတွေကိုသောက်ဖို့ကြိုးစားလိုက်သေးသည်။ ဒါပေမဲ့ သူ့ခေါင်းထဲဖြတ်ကနဲဝင်လာတဲ့နောက်ဆုံးသောအတွေးက ဟယ်ရီဖြစ်သည်။

လောကမှာဟယ်ရီရှိနေသေးတယ်ဆိုတဲ့အသိက သူ့ကိုတိမ်လိုမြူခိုးလို ဝေဝါးဝါးလမ်းတွေထဲဆက်လျှောက်လှမ်းနေမိတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်သည်။

ဟယ်ရီနဲ့ဒရေကိုက ဒီအတောအတွင်း မရေမရာဆက်ဆံရေးတွေနဲ့ ဖြတ်သန်းခဲ့ကြသည်။ ဟယ်ရီဟာ သူ့တိုက်ခန်းဆီမထင်မှတ်ပဲ မကြာခဏရောက်လာတတ်သလို အချိန်အကြာကြီးအဆက်သွယ်ဖြတ်ပြီးလည်း နေတတ်သည်။ ဒရေကို့ဘက်ကမနေနိုင်တော့လို့ဆက်သွယ်ခဲ့ရင်တောင် အလုပ်ရှုပ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ လျစ်လျူရှုတာတွေလည်း လုပ်တတ်သည်။

ဟယ်ရီ့ကိုသူပေးထားတဲ့ တိုက်ခန်းသော့အပိုကိုလည်း ဒရေကိုပြန်မယူခဲ့သလို ဟယ်ရီကလည်းပြန်ပေးလာချင်းမရှိချေ။

သူတို့နှစ်ယောက်ကပြန်တွဲနေပြီလားလို့မေးလာရင်တော့ သေချာပေါက် ဒရေကို့မှာအ​ဖြေမရှိ။

City of stars [A Harco story]Donde viven las historias. Descúbrelo ahora